အမေရိကန်ရေတပ်က သင်္ဘောသားတစ်သိန်းနီးပါးရဲ့ တစ်ကိုယ်ရေအချက်အလက်တွေကို တရုတ်ခိုးယူခဲ့
[ Zawgyi ]
FBI ,DOJ နဲ့ မီဒီယာအများစုက အခု တိုက်ခိုက်မှုကို ဥာဏပစ္စည်းခိုးယူမှု (IPT) ပြဿနာအဖြစ် သုံးသပ်ကြပြီး တရုတ်အေးဂျင့်တွေရဲ့ ရည်ရွယ်ချက်က နည်းပညာဆိုင်ရာ အစီအစဉ်တွေ ခိုးယူဖို့ ဖြစ်တယ်လို့ သိရပါတယ်။
“တရားခံတွေဟာ ပြည်နယ်ပေါင်း တစ်ဒါဇင်ခန့်အတွင်း ကာကွယ်ရေးနည်းပညာကုမ္ပဏီတွေနဲ့ စီးပွားဖြစ် ကုမ္ပဏီ ၄၅ ခုကျော်ကနေ နည်းပညာဆိုင်ရာ သတင်းအချက်အလက်၊ လျှို့ဝှက်လုပ်ငန်း၊ ဥာဏပစ္စည်းနဲ့ အခြားအချက်အလက်တွေခိုးယူဖို့ ကွန်ပျူတာစနစ်အတွင်း ထိုးဖောက်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့တယ်” လို့ FBI ရဲ့ “အလိုရှိသည်” ပိုစတာမှာ ဖော်ပြထားပါတယ်။
စိုးထက်
Ref: TheNextWeb
[ Unicode ]
အမေရိကန်တရားရေးဌာန (DOJ) ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ကွန်ပျူတာစနစ်ကို တိုက်ခိုက်မှုနဲ့ တရားစွဲဆိုခံရတဲ့ တရုတ်အေးဂျင့် နှစ်ခုရဲ့ စွဲချက်တွေကို ချိပ်ပိတ်ထားမှုကို ဖြေချလိုက်ပါတယ်။
အဲဒီဆိုက်ဘာတိုက်ခိုက်မှုမှာ အမေရိကန်ရေတပ်ဝန်ထမ်း အဖွဲ့ဝင် ၁၀၀,၀၀၀ ထက်မနည်းတဲ့ လူဦးရေးရဲ့ လူမှုရေးလုံခြုံရေးနံပါတ်တွေ၊ နာမည်တွေနဲ့ ဖုန်းနံပါတ်တွေ အပါအဝင် တစ်ဦးချင်းစီဆိုင်ရာ သတင်းအချက်အလက်တွေ ခိုးယူခံခဲ့ရပါတယ်။
FBI နဲ့ DOJ တို့အနေနဲ့ Zhu Hua နဲ့ Zhang Shilong တို့ဟာ တရုတ်ပြည်ရဲ့ စပွန်ဆာပေးထားတဲ့ ဟက်ကာအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဖော်ထုတ်ခဲ့ကြပါတယ်။
FBI ,DOJ နဲ့ မီဒီယာအများစုက အခု တိုက်ခိုက်မှုကို ဉာဏပစ္စည်းခိုးယူမှု (IPT) ပြဿနာအဖြစ် သုံးသပ်ကြပြီး တရုတ်အေးဂျင့်တွေရဲ့ ရည်ရွယ်ချက်က နည်းပညာဆိုင်ရာ အစီအစဉ်တွေ ခိုးယူဖို့ ဖြစ်တယ်လို့ သိရပါတယ်။
FBI ကအလိုရှိနေတဲ့ အဖွဲ့ဖြစ်တဲ့ Advanced Persistent Threat 10 (APT 10) ဒါမှမဟုတ် Cloudhopper ဖြစ်ပြီး အဖွဲ့အစညး်က ကြီးမားတယ်လို့ သိရပါတယ်။ အခုတိုက်ခိုက်မှုပါဝင်တဲ့ အေးဂျင့်နှစ်ယောက်က အဲဒီအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
“တရားခံတွေဟာ ပြည်နယ်ပေါင်း တစ်ဒါဇင်ခန့်အတွင်း ကာကွယ်ရေးနည်းပညာကုမ္ပဏီတွေနဲ့ စီးပွားဖြစ် ကုမ္ပဏီ ၄၅ ခုကျော်ကနေ နည်းပညာဆိုင်ရာ သတင်းအချက်အလက်၊ လျှို့ဝှက်လုပ်ငန်း၊ ဉာဏပစ္စည်းနဲ့ အခြားအချက်အလက်တွေခိုးယူဖို့ ကွန်ပျူတာစနစ်အတွင်း ထိုးဖောက်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့တယ်” လို့ FBI ရဲ့ “အလိုရှိသည်” ပိုစတာမှာ ဖော်ပြထားပါတယ်။
Ref: TheNextWeb