အေမရိကန္ရဲ႕ ကုန္သြယ္ေရးပိတ္ဆုိ႔မႈကို ဖယ္ရွားရန္ အႀကိဳသေဘာတူညီ လက္မွတ္ေရးထိုးခဲ့တဲ့ ZTE

[ Zawgyi ]

ZTE ဟာ အေမရိကန္ကုမၸဏီေတြဆီက ကုန္ပစၥည္းဝယ္ယူခြင့္ကို တားျမစ္ထားတဲ့ အေမရိကန္ကုန္သြယ္ေရးဌာနရဲ႕ ပိတ္ပင္မႈကုိ ဖယ္ရွားဖုိ႔ အေျခခံသေဘာတူညီခ်က္မွာ လက္မွတ္ေရးထိုးခဲ့တယ္လို႔ သတင္းရင္းျမစ္ေတြအရ သိရပါတယ္။ အဲဒီသေဘာတူညီမႈဟာ တ႐ုတ္ႏိုင္ငံရဲ႕ ဒုတိယေျမာက္အႀကီးဆုံး ဆက္သြယ္ေရးကုမၸဏီ ZTE ကုိ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္ေနေအာင္ အေထာက္အကူေပးမွာျဖစ္ပါတယ္။

ZTE ဟာ အီရန္နဲ႔ ေျမာက္ကိုရီးယားဆီ ကုန္ပစၥည္းေတြ တရားမဝင္ တင္ပုိ႔ေရာင္းခ်ခဲ့တာကို ေတြ႕ရွိခဲ့ပါတယ္။ ZTE ဟာ ၂၀၁၇ ခုႏွစ္ သေဘာတူညီခ်က္ကုိ ေဖာက္ဖ်က္မႈအတြက္ ဧၿပီလမွာ အေမရိကန္ကုမၸဏီေတြဆီ ကုန္ပစၥည္းဝယ္ယူခြင့္ ၇ ႏွစ္ ပိတ္ပင္ခံခဲ့ရပါတယ္။

“အၿပီးသတ္ သေဘာတူညီခ်က္အတြက္ ႏွစ္ဖက္စလံုးက လက္မွတ္မထိုးရေသးဘူး” လို႔ ကုန္သြယ္ေရးဌာနမွ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးက ဇြန္လ ၅ ရက္ (အဂၤါေန႔) က ေျပာၾကားခဲ့ပါတယ္။

အႀကိဳသေဘာတူညီခ်က္မွာ ZTE အေနနဲ႔ အနာဂတ္မွာ စည္းကမ္းခ်ိဳးေဖာက္ခဲ့ရင္ ဒဏ္ေၾကးေငြ ေဒၚလာ ၁ ဘီလ်ံ အျပင္ ထပ္ေဆာင္း ေဒၚလာသန္း ၄၀၀ ေပးေဆာင္ဖို႔အတြက္ စည္းကမ္းခ်က္ပါဝင္တယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာခဲ့ပါတယ္။

အေမရိကန္ကုန္သြယ္ေရးဌာနအေနနဲ႔ ၂၀၁၇ ခုႏွစ္ သေဘာတူညီခ်က္ ေက်ေအးမႈကို ျပင္ဆင္ဖုိ႔ စီစဥ္ေနၿပီး အစီအစဥ္ တစ္စိတ္တစ္ပုိင္း အျဖစ္ ZTE က ေဒၚလာ ၃၆၁ သန္း ေပးေဆာင္ရမွာ ျဖစ္ပါတယ္။

အေမရိကန္အေနနဲ႔ စုစုေပါင္း ဒဏ္ေၾကးေငြ ေဒၚလာ ၁.၇ ဘီလ်ံ ရယူသြားမယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာခဲ့ပါတယ္။

ZTE ဟာ အေမရိကန္က ေရးဆြဲထားတဲ့ သေဘာတူညီခ်က္ကုိ အခုတစ္ပတ္အားလပ္ရက္မွာ လက္မွတ္ေရးထိုးခဲ့ေပမယ့္ ျပင္ဆင္ထားတဲ့ ေက်ေအးမႈသေဘာတူညီခ်က္ကုိေတာ့ လက္မွတ္မေရးထိုးရေသးပါဘူး။

စိုးထက္
Ref: Reuters

[ Unicode ]

ZTE ဟာ အမေရိကန်ကုမ္ပဏီတွေဆီက ကုန်ပစ္စည်းဝယ်ယူခွင့်ကို တားမြစ်ထားတဲ့ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ ပိတ်ပင်မှုကို ဖယ်ရှားဖို့ အခြေခံသဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ အဲဒီသဘောတူညီမှုဟာ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက်အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ZTE ကို စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေအောင် အထောက်အကူပေးမှာဖြစ်ပါတယ်။

ZTE ဟာ အီရန်နဲ့ မြောက်ကိုရီးယားဆီ ကုန်ပစ္စည်းတွေ တရားမဝင် တင်ပို့ရောင်းချခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ZTE ဟာ ၂၀၁၇ ခုနှစ် သဘောတူညီချက်ကို ဖောက်ဖျက်မှုအတွက် ဧပြီလမှာ အမေရိကန်ကုမ္ပဏီတွေဆီ ကုန်ပစ္စည်းဝယ်ယူခွင့် ရ နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။

“အပြီးသတ် သဘောတူညီချက်အတွက် နှစ်ဖက်စလုံးက လက်မှတ်မထိုးရသေးဘူး” လို့ ကုန်သွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန်လ ၅ ရက် (အင်္ဂါနေ့) က ပြောကြားခဲ့ပါတယ်။

အကြိုသဘောတူညီချက်မှာ ZTE အနေနဲ့ အနာဂတ်မှာ စည်းကမ်းချိုးဖောက်ခဲ့ရင် ဒဏ်ကြေးငွေ ဒေါ်လာ ၁ ဘီလျံ အပြင် ထပ်ဆောင်း ဒေါ်လာသန်း ၄၀၀ ပေးဆောင်ဖို့အတွက် စည်းကမ်းချက်ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာနအနေနဲ့ ၂၀၁၇ ခုနှစ် သဘောတူညီချက် ကျေအေးမှုကို ပြင်ဆင်ဖို့ စီစဉ်နေပြီး အစီအစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် ZTE က ဒေါ်လာ ၃၆၁ သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ စုစုပေါင်း ဒဏ်ကြေးငွေ ဒေါ်လာ ၁.၇ ဘီလျံ ရယူသွားမယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

ZTE ဟာ အမေရိကန်က ရေးဆွဲထားတဲ့ သဘောတူညီချက်ကို အခုတစ်ပတ်အားလပ်ရက်မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် ပြင်ဆင်ထားတဲ့ ကျေအေးမှုသဘောတူညီချက်ကိုတော့ လက်မှတ်မရေးထိုးရသေးပါဘူး။

စိုးထက်
Ref: Reuters