အေမရိကန္ပညာေရးကို ၅ ပတ္ၾကာေလ့လာႏိုင္မည့္ Open Lecture Series ျပဳလုပ္မည္

[ Zawgyi ]

ျပည္တြင္းမွ ေက်ာင္းသား လူငယ္မ်ားအတြက္ ပညာေရးဆိုင္ရာ အခြင့္အလမ္းမ်ားရရွိေစႏိုင္မယ့္ အေမရိကန္ ပညာေရးကို ၅ ပတ္ၾကာ ေလ့လာႏိုင္မယ့္ Open Lecture Series ကို ဇူလိုင္လ ၂၆ ရက္မွ ၾသဂုတ္လ ၂၃ ရက္အထိ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အေမရိကန္ပညာေရးစနစ္ကို အေျခခံတဲ့ သင္ၾကားမႈပုံစံမ်ားျဖစ္တဲ့ အျပန္အလွန္ေဆြးေႏြးသင္ယူမႈပုံစံနဲ႔ အေတြးအေခၚ ဦးစားေပးျခင္းကို အေျခခံတဲ့ သင္ယူမႈပုံစံမ်ားကို တိုက္႐ိုက္ထိေတြ႔ခြင့္ရရွိမွာျဖစ္တယ္လို႔ သိရပါ တယ္။ ဒီအစီအစဥ္ကို ၾကာသပေတးေန႔တိုင္း ျပဳလုပ္သြားမွာျဖစ္ၿပီး Open Lecture Series မွာ Connect University ရဲ႕ အေမရိကန္တကၠသိုလ္ပ႐ိုဂရမ္မွာ သင္ၾကားေနတဲ့ ဘာသာရပ္ေတြကို ႏိုင္ငံျခားတကၠသိုလ္ပါေမာကၡေတြက Short Lecture မ်ားပို႔ခ်သင္ၾကားေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

တက္ေရာက္လိုသူေတြအေနနဲ႔ လူကိုယ္တိုင္ လာေရာက္ၿပီးျဖစ္ေစ၊ Online မွ register ျပဳလုပ္လိုသူမ်ား အေနနဲ႔ ဒီေနရာမွာ စာရင္းေပးသြင္းၿပီးျဖစ္ေစ အခမဲ့တက္ေရာက္ႏိုင္ပါတယ္။ အေသးစိတ္သိရွိလိုပါက Connect University ဖုန္း – ၀၉ ၇၇၉၀၀၀၉၀၀ သို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

ပြည်တွင်းမှ ကျောင်းသား လူငယ်များအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများရရှိစေနိုင်မယ့် အမေရိကန် ပညာရေးကို ၅ ပတ်ကြာ လေ့လာနိုင်မယ့် Open Lecture Series ကို ဇူလိုင်လ ၂၆ ရက်မှ သြဂုတ်လ ၂၃ ရက်အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ပညာရေးစနစ်ကို အခြေခံတဲ့ သင်ကြားမှုပုံစံများဖြစ်တဲ့ အပြန်အလှန်ဆွေးနွေးသင်ယူမှုပုံစံနဲ့ အတွေးအခေါ် ဦးစားပေးခြင်းကို အခြေခံတဲ့ သင်ယူမှုပုံစံများကို တိုက်ရိုက်ထိတွေ့ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါ တယ်။ ဒီအစီအစဉ်ကို ကြာသပတေးနေ့တိုင်း ပြုလုပ်သွားမှာဖြစ်ပြီး Open Lecture Series မှာ Connect University ရဲ့ အမေရိကန် တက္ကသိုလ်ပရိုဂရမ်မှာ သင်ကြားနေတဲ့ ဘာသာရပ်တွေကို နိုင်ငံခြားတက္ကသိုလ်ပါမောက္ခတွေက Short Lecture များပို့ချသင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ လူကိုယ်တိုင် လာရောက်ပြီးဖြစ်စေ၊ Online မှ register ပြုလုပ်လိုသူများ အနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းပြီးဖြစ်စေ အခမဲ့တက်ရောက်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက Connect University ဖုန်း – ၀၉ ရ၇၉၀၀၀၉၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-ဝေဝေ