အေမရိကန္စင္တာတြင္ အေမရိကန္ပညာေရး ေဆြးေႏြးပြဲ ျပဳလုပ္မည္

အေမရိကန္ပညာေရးေဆြးေႏြးပြဲ ကို ဇူလုိင္ ၂၄ ရက္၊ ညေန ၄ နာရီမွ ၅ နာရီခြဲအထိ အေမရိကန္စင္တာမွာ က်င္းပသြားမယ္လုိ႔ သိရပါတယ္။

ေဆြးေႏြးပြဲမွာ အေမရိကန္တကၠသုိလ္၊ ေကာလိပ္တစ္ခုခုကုိ ဘယ္လုိေလွ်ာက္ရသလဲဆုိတာနဲ႔ ပတ္သက္ၿပီး ရွင္းလင္းေျပာၾကား ေပးသြားမွာပါ။ အေမရိကန္ႏိုင္ငံမွာ ပညာသင္ၾကားခဲ့တဲ့သူေတြကေန Panel Discussion အေနနဲ႔ ေဆြးေႏြးေပးသြားမွာပါ။

တက္ေရာက္လုိ သူေတြအေနနဲ႔ အင္းယားလမ္းနဲ႔ တကၠသိုလ္ရိပ္သာလမ္းေထာင့္ရွိ American Center မွာ တက္ေရာက္ရမွာျဖစ္ၿပီး ပြဲတက္ေရာက္မယ့္ သူေတြအေနနဲ႔ မိမိဓာတ္ပံု ပါဝင္တဲ့ ကတ္ျပားတစ္ခုကို ယူေဆာင္သြားရမွာျဖစ္ပါတယ္။

– သႏၲာ

[ Unicode ]

အမေရိကန်ပညာရေးဆွေးနွေးပွဲ ကို ဇူလိုင် ၂၄ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ အမေရိကန်စင်တာမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ အမေရိကန်တက္ကသိုလ်၊ ကောလိပ်တစ်ခုခုကို ဘယ်လိုလျှောက်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြား ပေးသွားမှာပါ။ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားခဲ့တဲ့သူတွေကနေ Panel Discussion အနေနဲ့ ဆွေးနွေးပေးသွားမှာပါ။

တက်ရောက်လို သူတွေအနေနဲ့ အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ American Center မှာ တက်ရောက်ရမှာဖြစ်ပြီး ပွဲတက်ရောက်မယ့် သူတွေအနေနဲ့ မိမိဓာတ်ပုံ ပါဝင်တဲ့ ကတ်ပြားတစ်ခုကို ယူဆောင်သွားရမှာဖြစ်ပါတယ်။

– သန္တာ