အေမရိကန္ကို ဒဏ္ေၾကး ေဒၚလာ ၁ ဘီလ်ံ ေပးရမယ့္ ZTE

[ Zawgyi ]

တ႐ုတ္ဆက္သြယ္ေရး ကုမၸဏီႀကီး ZTE ဟာ ထရမ့္အစိုးရအဖြဲ႕နဲ႔ ညိႇႏိႈင္းအၿပီးမွာေတာ့ ဒဏ္ေၾကးေငြ ေဒၚလာ ၁ ဘီလ်ံ ေပးေဆာင္ဖို႔ သေဘာတူညီလိုက္တယ္လို႔ ကုန္သြယ္ေရးအတြင္းေရးမွဴး ဝီလ္ဘာေရာ႔စ္က အတည္ျပဳသြားခဲ့ပါတယ္။

အီရန္နဲ႔ ေျမာက္ကုိရီးယားဆီ ဆက္သြယ္ေရးနည္းပညာ ေရာင္းခ်မႈအေပၚ အေမရိကန္က စီးပြားေရးအရ ပိတ္ဆို႔ထားေပမယ့္ ZTE က အဲဒီသေဘာတူညီခ်က္ကုိ ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ ဒဏ္ေၾကးေငြေပးေဆာင္ဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ အေမရိကန္အစိုးရနဲ႔ မူလေက်ေအးမႈ တစ္စိတ္တစ္ပုိင္းအျဖစ္ ZTE ဟာ ဒဏ္ေၾကး ေဒၚလာ ၁.၁၉ ဘီလ်ံနဲ႔ အေမရိကန္ စည္းကမ္းထိန္းသိမ္းေရး အာဏာပုိင္ေတြ စိတ္ေက်နပ္ေစဖို႔ ဝန္ထမ္းအေျပာင္းအလဲ ျပဳလုပ္ေပးခဲ့ရပါတယ္။ ထရမ့္အစိုးရအေနနဲ႔ ZTE အေပၚခ်မွတ္တဲ့ ျပစ္ဒဏ္ဟာ ျပင္းထန္ခဲ့ပါတယ္။ အေမရိကန္ကုမၸဏီေတြ အေနနဲ႔ ထုတ္ကုန္အစိတ္အပိုင္းေတြကို ZTE ဆီေရာင္းခ်ခြင့္ ၇ ႏွစ္အထိ ပိတ္ပင္ခဲ့ၿပီး ZTE ရဲ႕ထုတ္ကုန္ေတြအားလုံးအေပၚ အထိနာခဲ့ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္က ZTE ကုမၸဏီကုိ နိဂုံးခ်ဳပ္ႏိုင္ပါတယ္။ ZTE အေပၚ ျပစ္ဒဏ္မခ်မွတ္ခင္က ကုမၸဏီတန္ဖိုး ေဒၚလာ ၂၀ ဘီလ်ံတန္ေၾကးရွိၿပီး ဝန္ထမ္း ၇၅,၀၀၀ နီးပါးရွိပါတယ္။

ZTE အေနနဲ႔ ေဒၚလာ ၁ ဘီလ်ံဒဏ္ေၾကးေငြအျပင္ ကုမၸဏီရဲ႕ ကြန္ျမဴနစ္ပါတီေခါင္းေဆာင္ကို အစားထိုးၿပီး ဝန္ထမ္းအေျပာင္းအလဲ ျပဳလုပ္ခဲ့ပါတယ္။ ZTE ဟာ အနာဂတ္ ျပစ္ဒဏ္ေတြက်ဴးလြန္ခဲ့မယ္ဆိုရင္ ထပ္ေဆာင္း ေဒၚလာ သန္း ၄၀၀ ေပးေဆာင္ဖို႔ သေဘာတူညီ ထားပါတယ္။ ZTE အေနနဲ႔ ဥပေဒေတြကို လုိက္နာေစဖို႔ အေမရိကန္အဖြဲ႕တစ္ဖြဲ႕က ေစာင့္ၾကည့္သြားမယ္လို႔လည္း သိရပါတယ္။

စိုးထက္
Ref: TechCrunch

[ Unicode ]

တရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီး ZTE ဟာ ထရမ့်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းအပြီးမှာတော့ ဒဏ်ကြေးငွေ ဒေါ်လာ ၁ ဘီလျံ ပေးဆောင်ဖို့ သဘောတူညီလိုက်တယ်လို့ ကုန်သွယ်ရေးအတွင်းရေးမှူး ဝီလ်ဘာရော့စ်က အတည်ပြုသွားခဲ့ပါတယ်။

အီရန်နဲ့ မြောက်ကိုရီးယားဆီ ဆက်သွယ်ရေးနည်းပညာ ရောင်းချမှုအပေါ် အမေရိကန်က စီးပွားရေးအရ ပိတ်ဆို့ထားပေမယ့် ZTE က အဲဒီသဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် ဒဏ်ကြေးငွေပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အမေရိကန်အစိုးရနဲ့ မူလကျေအေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ZTE ဟာ ဒဏ်ကြေး ဒေါ်လာ ၁.၁၉ ဘီလျံနဲ့ အမေရိကန် စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်တွေ စိတ်ကျေနပ်စေဖို့ ဝန်ထမ်းအပြောင်းအလဲ ပြုလုပ်ပေးခဲ့ရပါတယ်။ ထရမ့်အစိုးရအနေနဲ့ ZTE အပေါ်ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်ခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ ထုတ်ကုန်အစိတ်အပိုင်းတွေကို ZTE ဆီရောင်းချခွင့် ရ နှစ်အထိ ပိတ်ပင်ခဲ့ပြီး ZTE ရဲ့ထုတ်ကုန်တွေအားလုံးအပေါ် အထိနာခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်က ZTE ကုမ္ပဏီကို နိဂုံးချုပ်နိုင်ပါတယ်။ ZTE အပေါ် ပြစ်ဒဏ်မချမှတ်ခင်က ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၂၀ ဘီလျံတန်ကြေးရှိပြီး ဝန်ထမ်း ရ၅,၀၀၀ နီးပါးရှိပါတယ်။

ZTE အနေနဲ့ ဒေါ်လာ ၁ ဘီလျံဒဏ်ကြေးငွေအပြင် ကုမ္ပဏီရဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်ကို အစားထိုးပြီး ဝန်ထမ်းအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ZTE ဟာ အနာဂတ် ပြစ်ဒဏ်တွေကျူးလွန်ခဲ့မယ်ဆိုရင် ထပ်ဆောင်း ဒေါ်လာ သန်း ၄၀၀ ပေးဆောင်ဖို့ သဘောတူညီ ထားပါတယ်။ ZTE အနေနဲ့ ဥပဒေတွေကို လိုက်နာစေဖို့ အမေရိကန်အဖွဲ့တစ်ဖွဲ့က စောင့်ကြည့်သွားမယ်လို့လည်း သိရပါတယ်။

စိုးထက်
Ref: TechCrunch