အေကာင္းဆုံး Antivirus ဆုကုိ ရရွိခဲ့တဲ့ Windows Defender

[ Zawgyi ]

လြတ္လပ္တဲ့ IT လုံၿခဳံေရးအဖြဲ႕အစည္း AV-TEST ဟာ default settings ကုိအသုံးျပဳၿပီး ေနအိမ္သုံး လုံၿခဳံေရး ထုတ္ကုန္ ၂၀ကုိ ေမနဲ႔ ဇြန္လအတြင္း အကဲျဖတ္စမ္းသပ္ခဲ့ပါတယ္။ ထုတ္ကုန္ေတြထဲက ၄ခုပဲ အမွတ္အမ်ားဆုံးရရွိခဲ့ၿပီး အဲဒီထဲမွာ Windows Defender ပါဝင္လာပါတယ္။

အျခား လုံၿခဳံေရးထုတ္ကုန္ ၃ခုက F-Secure SAFE 17, Kaspersky Internet Security 19.0 နဲ႔ Norton Security 22.17 တို႔ျဖစ္ပါတယ္။ Windows Defender နဲ႔အျခား ထုတ္ကုန္ေတြအၾကား ကြာျခားခ်က္ကေတာ့ Windows 10 မွာ Windows Defender အခမဲ့ပါဝင္လာတာျဖစ္ပါတယ္။ အျခားထုတ္ကုန္ေတြကေတာ့ အခေပး လစဥ္ေၾကး ေပးသြင္းမွာ အျပည့္အဝအသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။

အျခားထုတ္ကုန္ေတြထဲက ရမွတ္အနည္းဆုံးထုတ္ကုန္ကေတာ့ Webroot SecureAnywhere 9.0 ျဖစ္ပါတယ္။ ထိပ္ဆုံးရမွတ္ မရရွိခဲ့ေပမယ့္ AV-TEST ရဲ႕ထိပ္တန္းထုတ္ကုန္ဆု ရရွိခဲ့သူေတြကေတာ့ Avast Free AntiVirus 19.5, AVG Internet Security 19.5, Bitdefender Internet Security 23.0, Trend Micro Internet Security 15.0 နဲ႔ VIPRE AdvacedSecurity 11.0 တို႔ပါဝင္လာပါတယ္။

စိုးထက္
Ref: PCMag

[ Unicode ]

လွတ်လပ်တဲ့ IT လုံခြုံရေးအဖွဲ့အစည်း AV-TEST ဟာ default settings ကိုအသုံးပြုပြီး နေအိမ်သုံး လုံခြုံရေး ထုတ်ကုန် ၂၀ကို မေနဲ့ ဇွန်လအတွင်း အကဲဖြတ်စမ်းသပ်ခဲ့ပါတယ်။ ထုတ်ကုန်တွေထဲက ၄ခုပဲ အမှတ်အများဆုံးရရှိခဲ့ပြီး အဲဒီထဲမှာ Windows Defender ပါဝင်လာပါတယ်။

အခြား လုံခြုံရေးထုတ်ကုန် ၃ခုက F-Secure SAFE 17, Kaspersky Internet Security 19.0 နဲ့ Norton Security 22.17 တို့ဖြစ်ပါတယ်။ Windows Defender နဲ့အခြား ထုတ်ကုန်တွေအကြား ကွာခြားချက်ကတော့ Windows 10 မှာ Windows Defender အခမဲ့ပါဝင်လာတာဖြစ်ပါတယ်။ အခြားထုတ်ကုန်တွေကတော့ အခပေး လစဉ်ကြေး ပေးသွင်းမှာ အပြည့်အဝအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အခြားထုတ်ကုန်တွေထဲက ရမှတ်အနည်းဆုံးထုတ်ကုန်ကတော့ Webroot SecureAnywhere 9.0 ဖြစ်ပါတယ်။ ထိပ်ဆုံးရမှတ် မရရှိခဲ့ပေမယ့် AV-TEST ရဲ့ထိပ်တန်းထုတ်ကုန်ဆု ရရှိခဲ့သူတွေကတော့ Avast Free AntiVirus 19.5, AVG Internet Security 19.5, Bitdefender Internet Security 23.0, Trend Micro Internet Security 15.0 နဲ့ VIPRE AdvacedSecurity 11.0 တို့ပါဝင်လာပါတယ်။

စိုးထက်
Ref: PCMag