အူရီဒူး နှင့် Ericsson တို့ ငါးနှစ်တာ မဟာဗျူဟာမြောက် 5G သဘောတူညီချက်လက်မှတ်ရေးထိုး

အူရီဒူး နဲ့ Ericsson (NASDAQ: ERIC) တို့အနေနဲ့ 5G ရေဒီယို၊ ပင်မနှင့် သယ်ယူပို့ဆောင်ရေးထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကိုထောက်ပံ့ဖို့ ကမ္ဘာလုံးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အူရီဒူးအုပ်စုမှ လုပ်ငန်းဆောင်ရွက်နေသော ကာတာ၊ အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ အီရတ်၊ ကူဝိတ်၊ အိုမန်၊ ပါလက်စတိုင်း၊ တူနီးရှား၊ မြန်မာနဲ့ ‌မော်လ်ဒိုက်ရှိ ကုမ္ပဏီ ၁၀ ခုစလုံးအတွက် သက်ဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် ပေါင်းစည်းဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ သဘောတူညီချက်တွင် 10 Gbps အထိ လုပ်ဆောင်ပေးနိုင်မယ့် MINI-LINK 6000 ပစ္စည်းများပါတဲ့ Ericsson ရေဒီယိုစနစ်၊ Ericsson Cloud Core, Cloud Infrastructure, Ericsson Cloud ဆက်သွယ်ရေးဝန်ဆောင်မှုတွေပါဝင်ပြီး အူရီဒူးအုပ်စုမှ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီအားလုံးရဲ့ လက်ရှိ မိုဘိုင်းကွန်ရက်တွေကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲဖော်ဆောင်ပြီး ခေတ်မီတိုးတက်စေဖို့ အစမှ အဆုံးအထိ 5G အပြည့်အဝ ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ယနေ့ သဘောတူညီချက်ဟာ Ericsson နဲ့ အူရီဒူးတို့အကြား ကာလရှည်အောင်မြင်တဲ့ စီးပွားရေးမဟာမိတ်လက်တွဲမှုရဲ့ နောက်ခြေလှမ်းတစ်ခုကို ကိုယ်စားပြုပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ ကွန်ရက်ချဲ့ထွင်ခြင်း၊ ကွန်ရက်အရည်အသွေး ပြည့်စုံစေခြင်းနဲ့ ဒီဂျစ်တယ်အသွင်ပြောင်းလဲဖော်ဆောင်ခြင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။ Ericsson က ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်နေတဲ့ နိုင်ငံတွေအတွက် ကမ္ဘာ့အဆင့်မီ နောက်ဆုံးပေါ်နည်းပညာတွေကို သယ်ဆောင်လာပေးတာကြောင့် လူမှုအသိုင်းအဝိုင်းတွေကို အကောင်းဆုံးအင်တာနက်အား နှစ်ခြိုက်စွာအသုံးပြုနိုင်စေဖို့ နောက်ဆုံးပေါ် ဒီဂျစ်တယ်ဝန်ဆောင်မှုများပေးအပ်ခြင်း၊ ဝေးလံခေါင်သီတဲ့ဒေသများ အထိ ချိတ်ဆက်စေနိုင်ခြင်း၊ တည်‌ထောင်ခါစလုပ်ငန်းများကို ဒီဂျစ်တယ်နည်းစနစ်များဖြင့် ထောက်ပံ့ခြင်းနဲ့ လာမယ့် အားကစားပွဲကြီးတွေမှာ အားကစားပရိသတ်တွေအတွက် နည်းပညာနဲ့ အတွေ့အကြုံသစ်တွေကို ပေးစွမ်းခြင်းတို့ လုပ်ဆောင်စေနိုင်မှာဖြစ်ပါတယ်” လို့ အူရီဒူးအုပ်စုရဲ့ Deputy Group Chief Executive Officer ဖြစ်တဲ့ Sheikh Mohammed Bin Abdulla Al Thani ကပြောပါတယ်။

Ericsson ရေဒီယိုစနစ်ကို အူရီဒူးရဲ့လုပ်ငန်းအများစုမှာ စတင်ဖြန့်ကြက် ဆောင်ရွက်နေပြီဖြစ်ပြီး အူရီဒူးကာတာရဲ့ ကွန်ရက်မှာ Ericsson ရေဒီယိုစနစ်ဟာ 4G+5G Ericsson လှိုင်းနှုန်းစဉ်မျှဝေခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပြီး တစ်နိုင်ငံလုံးအနှံ့ မြန်ဆန်တဲ့ 5G ကွန်ရက်လွှမ်းခြုံမှုကို ဆောင်ရွက်စေနိုင်ခဲ့ကြောင်း၊ ကမ္ဘာအဆင့်မီအားကစားပြိုင်ပွဲများစွာကျင်းပဖို့ အူရီဒူး ကာတာရဲ့ ကွန်ရက်ကို ပြင်ဆင်ရာမှာ Ericsson ဟာ သန်းပေါင်းများစွာသော အားကစားပရိသတ်တွေအတွက် အားကစားရုံများ၊ အိမ် နဲ့ လမ်းပေါ်တွေမှာ ဒီဂျစ်တယ်အတွေ့အကြုံကို ခံစားနိုင်ဖို့ 5G mid-band Massive MIMO ရေဒီယိုတွေကို ဖြန့်ကြက်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««