အူရီဒူးရဲ့ “ဒုန်းဒုန်းဒုန်း” ဒေတာ ၂ ဆ အစီအစဉ် အသုံးပြုသူများ 200 GB အထိ ဆက်လက်ကံထူးနိုင်မည်

အူရီဒူးရဲ့ ဒုန်းဒုန်းဒုန်း အစီအစဉ်တွေကို ဒေတာ ၂ ဆ ပိုတိုးပေးရုံမျှမက 200 GB အထိ ဒေတာဆုလက်ဆောင်တွေကိုပါ ဆက်လက် ကံထူးရယူနိုင်မှာဖြစ်ပါတယ်။

ဒုန်းဒုန်းဒုန်း ဒေတာ၂ ဆ အစီအစဉ်တွေကို My Ooredoo App မှာ ရယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသူတွေအနေနဲ့ ဒုန်းဒုန်းဒုန်းဂိမ်းဆော့ပြီး 200 GB အထိ ဒေတာဆုလက်ဆောင်တွေကို ရရှိကံထူးနိုင်မှာဖြစ်ပါတယ်။

အူရီဒူးသုံးစွဲသူတွေအနေနဲ့ ဒေတာ၂ ဆ ခံစားခွင့်ကို ရရှိနိုင်ဖို့အတွက် ဖော်ပြပါ အစီအစဉ် သုံးမျိုးထဲမှ မိမိကြိုက်နှစ်သက်ရာ အစီအစဉ်ကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး – 2GB (1GB + 1GB) ကို ၉၉၉ ကျပ် ဖြင့်သော်လည်းကောင်း၊ 8GB (4GB + 4GB) ကို ၂၉၉၉ ကျပ်ဖြင့်သော်လည်းကောင်း ဝယ်ယူပြီးတာနဲ့ ဂိမ်းကစားကာ 200 GB အထိ ဒေတာဆုလက်ဆောင် ရရှိမှာဖြစ်ပါတယ်။ 1600 MB (800 MB+ 800MB) ကို ၈၉၉ ကျပ်ဖြင့် ဝယ်ယူကာ ဂိမ်းကစားပြီး 100GB အထိ ဒေတာဆုလက်ဆောင် ရရှိနိုင်မှာပါ။

ဒေတာလက်ဆောင်ကို ကံထူးသူမှ ချက်ချင်းရရှိမှာဖြစ်ပြီး ဒေတာအစီအစဉ်ရဲ့ သက်တမ်းမှာ ၃၀ ရက် ဖြစ်ပါတယ်။

-သန္တာ