အူရီဒူးမြန်မာ မှ Myanmar Employer Awards 2020 တွင် ဆု ၃ ဆု ရရှိ

အူရီဒူးမြန်မာမှ Myanmar Employer Awards 2020 မှာ ရွှေတံဆိပ်ဆု ၁ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆု အပါအဝင် ဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ Myanmar Employer Awards မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် လူစွမ်းအားအရင်းအမြစ်ကဏ္ဍ တိုးတက်စေရန်အတွက် အလေ့အကျင့် ကောင်းများ ကျင့်သုံးတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာလုပ်ငန်းရှင်များကို အသိအမှတ်ပြုဖို့အတွက် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Employer Awards ရဲ့ (၄) ကြိမ်မြောက်အခမ်းအနားမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီ ၉၀ ‌ကျော်မှ ဆုများအတွက် အဆိုပြုတင်သွင်းခဲ့ကြပြီး ကုမ္ပဏီ ၂၁ ခုက ရွှေတံဆိပ်၊ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်ဆုတွေကို လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကဏ္ဍတွေနဲ့ အထူးဆုနှစ်ဆုအတွက် ဆုတွေအသီးသီး ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ အူရီဒူးမြန်မာ အနေနဲ့ Most Effective Recruitment Strategy for Talent Attraction အတွက် ရွှေတံဆိပ်ဆု၊ Excellence in Workplace Environment အတွက် ငွေတံဆိပ်ဆု၊ Best Use of Internal Marketing for Company Pride အတွက် ငွေတံဆိပ်ဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။