အူရီဒူးမြန်မာမှ Stevieâ International Business Awards ၂၀၂၀ တွင် ဆု ၃ ဆု ရယူနိုင်ခဲ့

အူရီဒူးမြန်မာသည် Stevieâ International Business Awards ၂၀၂၀ တွင် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ (Most Innovative Company of the Year) အတွက် ငွေတံဆိပ်ဆု၊ တစ်နှစ်တာ တန်ဖိုးအရှိဆုံး လူမှုအကျိုးပြုတာဝန်ယူမှု (Most Valuable Corporate Response) နဲ့ တစ်နှစ်တာလူမှုအကျိုးပြုလုပ်ငန်း (အာရှ၊ ဩစတြေးလျ နှင့် နယူးဇီလန်) (Corporate Social Responsibility Program of the Year in Asia, Australia and New Zealand) တို့အတွက် ကြေးတံဆိပ်ဆုများ စတဲ့ ဂုဏ်သတင်းကြီးမားသည့်ဆု စုစုပေါင်းဆု ၃ ဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။

“အခုလိုမျိုး နိုင်ငံတကာမှာလူသိများတဲ့ Stevieâ International Business Award ၂၀၂၀ မှာ ဂုဏ်သရေရှိ ဆု ၃ ဆုကို ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အူရီဒူးမြန်မာက အများပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အရည်အသွေးမြင့်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့အတူ အဆင့်မြင့်ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဒစ်ဂျစ်တယ်ဘဝတွေကို ပြည့်စုံကောင်းမွန်စေဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးအပ်နိုင်အောင် အစဉ်တစိုက် ကြိုးစား လျက်ရှိပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောပါတယ်။

အဆိုပါဆုများသည် အူရီဒူး၏ ပြည်သူများ၏ ဒစ်ဂျစ်တယ်လူမှုဘဝများကို ပြည့်စုံကောင်းမွန်စေမည် ဆိုသည့် ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ချက်များကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်ပြီး “The International Stevies” ဟုလူသိများထင်ရှားသည့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာဆုများသည် ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းကြီးများနှင့် လုပ်ငန်းလေးများ၊ အများပိုင်ကုမ္ပဏီနှင့် တစ်ဦးပိုင်ကုမ္ပဏီ၊ အကျိုးအမြတ်အတွက် ဆောင်ရွက်သောလုပ်ငန်း (သို့) အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်းများ စသဖြင့် မည်သည့်အဖွဲ့အစည်းမဆို ပါဝင်ယှဉ်ပြိုင် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ၂၀၂၀ ဆုချီးမြှင့်ပွဲအတွက် နိုင်ငံပေါင်း ၆၃ နိုင်ငံမှ လုပ်ငန်းအဖွဲ့အစည်းပေါင်း ၃,၈၀၀ ကျော်မှ လျှောက်ထားခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««