အူရီဒူးမြန်မာမှ Office from Home ကြိုးမဲ့ Broadband ဝန်ဆောင်မှုကို စီးပွားရေးလုပ်ငန်းများအတွက် မိတ်ဆက်

အူရီဒူးမြန်မာမှ “Office from Home” ကြိုးမဲ့ broadband အင်တာနက်ဝန်ဆောင်မှုကို စီးပွားရေးလုပ်ငန်းများအတွက် မိတ်ဆက်ပေခဲ့ပါတယ်။

“Office from Home” ကြိုးမဲ့ broadband ဝန်ဆောင်မှုမှာ 5 Mbps အထိ မြန်နှုန်းမြင့် အင်တာနက်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ Broadband ဝန်ဆောင်မှုတွင် ပါဝင်တဲ့ စက်ပစ္စည်းအတွက် အာမခံတစ်နှစ် ပေးထားပြီး စက်ပစ္စည်းအား စတင်အသုံးပြုတဲ့ အချိန်မှစ၍ “Office from Home” ဝန်ဆောင်မှုကို ရက် ၃၀ အတွင်းအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုကို စတင်အသုံးပြုလိုသူတွေအနေနဲ့ ၀၉ ၉၇ ၀၀၀၀၂၁၆ သို့ ဖုန်းခေါ်ကာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

“Office from Home” broadband အင်တာနက်ဝန်ဆောင်မှု၏ စက်ပစ္စည်းတန်ဖိုးမှာ ၄၀,၀၀၀ ကျပ် ဖြစ်ပြီး လစဉ်ကြေးမှာလည်း ၄၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ CB ဘဏ် သို့ AYA ဘဏ်တို့မှတစ်ဆင့် ငွေပေးချေနိုင်ပြီး သတ်မှတ်ရက် မကုန်ဆုံးမီ ဝန်ဆောင်မှုကို သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်း၌ ဝန်ဆောင်မှု အသုံးပြုရန် ဆင်းမ်ကတ်အား ကြိုတင်ထည့်သွင်းထားပြီး ဖြစ်တဲ့အတွက် အသုံးပြုသူမှ ဝန်ဆောင်မှုအား စတင်အသုံးပြုရန် ခလုတ်နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရက်သုံးဆယ်အတွင်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

-အောင်သူ