အူရီဒူးမြန်မာမှ အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုများကို စုံစမ်းနိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းကို မိတ်ဆက်

အူရီဒူးမြန်မာအနေနဲ့ စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုတွေကို အသုံးပြုနေတဲ့ သုံးစွဲသူများအတွက် စီးပွားရေးလုပ်ငန်းလိုအပ်ချက်အသစ်တွေ၊ လက်ရှိဝန်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းသုံးဝန်ဆောင်မှုများကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

အူရီဒူး စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုအဖွဲ့မှ အွန်လိုင်းမှတစ်ဆင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်မယ့် အွန်လိုင်းဝန်ဆောင်မှုနဲ့ သုံးစွဲသူတွေကို အူရီဒူးရဲ့ ထုတ်ကုန်တွေ၊ ဝန်‌ဆောင်မှုတွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ကူညီပံ့ပိုးမှု ရယူနိုင်ရန်အတွက် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပြီး သုံးစွဲသူမှ အဆိုပါပုံစံကိုဖြည့်လိုက်တာနဲ့ အူရီဒူးစီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုအဖွဲ့မှ ၎င်းတို့ရဲ့ လိုအပ်ချက်မျာပေါ်တွင် မူတည်ပြီး ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့အတွက် ဆက်သွယ်ပြန်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အူရီဒူးစီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ကြိုတင်ငွေပေးချေစနစ်၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်၊ မိုဘိုင်းအင်တာနက်၊ နိုင်ငံရပ်ခြားသို့ဆက်သွယ်ခြင်း၊ Office from Home ဝန်ဆောင်မှု၊ သုံစွဲသူအများအပြားသို့ တစ်ပြိုင်တဲ့ မက်ဆေ့ချ်ပေးပို့နိုင်သည့် Bulk SMS၊ Data Pool၊ M2M ဝန်ဆောင်မှု၊ သီးသန့်အင်တာနက် ဝန်ဆောင်မှုတွေဖြစ်တဲ့ (သီးသန့်အင်တာနက်၊ Domestic Private Leased Service၊ International Private Leased Circuits)၊ ပြည်ပသုံးအင်တာနက်အစီအစဉ်နဲ့ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အသုံးစွဲသူရဲ့ လိုအပ်ချက်အလိုက်ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို သုံးစွဲသူတွေအနေနဲ့ စုံစမ်းနိုင်မှာ ဖြစ်ပြီး စုံစမ်းမေးမြန်းထားသူတွေကို အူရီဒူးစီးပွားရေးဌာနမှ စုံစမ်းမေးမြန်းမှုပုံစံလက်ခံရရှိတဲ့အချိန်ရဲ့ ၃ နာရီမှ ၄ နာရီအတွင်း (ရုံးချိန်အတွင်း) ပြန်လည်ဆက်သွယ် ဖြေကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ဆောင်မှုအတွက် အွန်လိုင်းမှ မေးမြန်းစုံစမ်းနိုင်တဲ့ပုံစံကို ရယူနိုင်ဖို့ သုံးစွဲသူတွေအနေနဲ့ Ooredoo Business Facebook စာမျက်နှာသို့ ဝင်ရောက် လေ့လာနိုင်တဲ့အပြင် အူရီဒူး ဝက်ဘ်ဆိုက် http://ore.do/9jntf မှာ လည်း တိုက်ရိုက်ရယူနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ