အူရီဒူးမြန်မာမှ အာရှပစိဖိတ် Stevieâ Awards ၂၀၂၀ တွင် ရွှေတံဆိပ်ဆု အပါအဝင် ဆုလေးမျိုးဆွတ်ခူး

အူရီဒူးမြန်မာမှ အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းများ ပါဝင်တဲ့ အာရှပစိဖတ် Stevieâ Awards ၂၀၂၀ တွင် တီထွင်ဆန်းသစ်မှုများ အတွက် အသိအမှတ်ပြုဆုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

Stevieâ Awards တွင် ချီးမြှင့်တဲ့ ဆုအမျိုးအစားပေါင်း ၉ ခု ရှိပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးနဲ့ အောင်မြင်မှုအတွက် ဆန်းသစ်တီထွင်ဖန်တီးမှုတွေကို အသိအမှတ်ပြုချီးမြှင့်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အူရီဒူးမြန်မာမှ Gold Award for Innovation in HR Management အပြင် Planning and Practice၊ Award for Innovation in Technology Management, Planning and Implementation၊ Award for Innovation in General Utility App နဲ့ Award for Innovation in Community Relations/Public Service Communications စသဖြင့် ကြေးတံဆိပ်ဆုတွေကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။

-သန္တာ