အူရီဒူးမြန်မာမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသက်ရှူစက်များနှင့် ဆေးပစ္စည်းကိရိယာများ ပံ့ပိုးလှူဒါန်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ COVID-19 တွန်းလှန်တိုက်ဖျက်ရေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးရန် ကျပ်သိန်း ၁၃၇၀ ကျော်တန်ဖိုးရှိ အရေးတကြီးလိုအပ်နေသော အသက်ရှူစက်များ၊ defibrillators များ၊ patient monitorများနှင့် အခြားအရေးပေါ်ဌာနသုံး ဆေးပစ္စည်းကိရိယာများကို COVID-19 အရေးပေါ်အခြေအနေ ပံ့ပိုးမှုတစ်ခု အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာနသို့ လှူဒါန်းခဲ့ပါတယ်။

အူရီဒူးမြန်မာအနေနဲ့ ဒေတာတွေနဲ့ ဖုန်းဘီလ်ပါဝင်တဲ့ ဆင်းမ်ကတ် ၁၄,၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်များရှိ quarantine centers များသို့ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အသွားအလာကန့်သတ်ခံထားရသူများမှ ခက်ခဲတဲ့ အချိန်ကာလအတွင်း မိမိတို့မိသားစုဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်မပြတ် ရှိနေနိုင်စေရန် ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««