အူရီဒူးမြန်မာမှ မြန်နှုန်းမြင့် Supernet ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်နှင့် မန္တလေးမြို့များတွင်စတင်အသုံးပြုနိုင်

အူရီဒူးမြန်မာမှ အကန့်အသတ်မဲ့ မြန်နှုန်းမြင့် Supernet ဖိုက်ဘာ အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်နဲ့ မန္တလေးမြို့များရှိ အသုံးပြုသူတွေအတွက် ပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၃၀ နဲ့ မန္တလေးမြို့တွင်းရှိ မြို့နယ် ၆ မြို့နယ်ရှိ အိမ်သုံး၊ ရုံးသုံး အသုံးပြုသူ (SOHO) တွေအနေနဲ့ နှစ်သက်ရာ bandwidth တွေကို ရွေးချယ်ချိတ်ဆက်ပြီး မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုအား အသုံးပြုနိုင်မှာ ဖြစ်ကြောင်း၊ အူရီဒူးမြန်မာအနေနဲ့ လက်ရှိတွင် လစဉ် ငွေကျပ် ၃၇,၀၀၀ ကျသင့်မယ့် အင်တာနက် အမြန်နှုန်း 10 Mbps မှစ၍ လစဉ် ငွေကျပ် ၁၂၀,၀၀၀ ကျသင့်မယ့် အင်တာနက် အမြန်နှုန်း 100 Mbps အထိ ရှိတဲ့ bandwidth အမျိုးအစား ၆ မျိုးကို postpaid ငွေပေးချေမှုစနစ်နဲ့ စတင်ပေးအပ်လျက် ရှိကြောင်း၊ ကျသင့်ငွေနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီးဖြစ်တဲ့ အပြင် အဆိုပါ ဝန်ဆောင်မှုအတွက် ကနဦးတပ်ဆင်ခနဲ့ router စက်တွေကို လည်း အခမဲ့ ပေးအပ်ထားကြောင်း၊ အသုံးပြုသူတွေအနေနဲ့ ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုကို ဝန်ဆောင်မှုရယူရန် လျှောက်လွှာနဲ့အတူ လျှောက်ထားနိုင်မည် ဖြစ်ပြီး လျှောက်လွှာကို အင်္ဂလိပ်ဘာသာနဲ့ ရယူလိုပါက http://ore.do/fsror နဲ့ မြန်မာဘာသာနဲ့ ရယူလိုပါက http://ore.do/fsrorm မှတစ်ဆင့် ရယူနိုင်မှာဖြစ်ပါတယ်။

လျှောက်လွှာဖြည့်သွင်းအတည်ပြုပြီးတာနဲ့ လျှောက်ထားသူကို ဆက်သွယ်ပြီး ဖိုက်ဘာသွယ်တန်းမှု လုပ်ငန်းစဉ်များကို စတင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုအတွက် စာချုပ်ပါအချက်အလက်များအရ လုပ်ငန်းစဉ်ကို အပြီးသတ် ဆောင်ရွက်ရန် အိမ်သုံး အသုံးပြုသူတွေ အနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ သို့မဟုတ် ပတ်စ်ပို့ မိတ္တူနဲ့ ရုံးသုံး အသုံးပြုသူတွေအနေနဲ့ ၎င်းတို့ရဲ့ လုပ်ငန်းမှတ်ပုံတင် လိုင်စင်မိတ္တူတွေကို ပေးအပ်ရမှာဖြစ်ပါတယ်။ အသုံးပြုသူ တစ်ဦးချင်းစီအနေနဲ့ ၎င်းတို့ရယူထားတဲ့ ဝန်ဆောင်မှုအတွက် ကျသင့်ငွေပမာဏနဲ့ နောက်ဆုံးထား ပေးချေရမယ့်ရက် စတဲ့ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ လစဉ်ငွေတောင်းခံလွှာကို ၎င်းတို့ ဖြည့်သွင်းထားတဲ့ မိုဘိုင်းဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာများ မှ တစ်ဆင့် လက်ခံရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Supernet ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဖုန်း – ၀၉ ၉၇၀ ၀၀၀၂၁၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-အောင်သူ