အူရီဒူးမြန်မာမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မိဘမဲ့ကလေးစာသင်ကျောင်း ၃၃ ကျောင်းတို့ကို ခြေနင်းလက်ဆေးစင်နှင့် လက်ဆေးဆပ်ပြာရည်များလှူဒါန်း

ကျောင်းသားလူငယ်များအကြား ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို တိုက်တွန်း အားပေးဖို့နဲ့ COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ မိဘမဲ့ကလေးစာသင်ကျောင်း ၃၃ ကျောင်းတို့ကို ခြေနင်းလက်ဆေးစင် ၉၅ ခုနဲ့ လက်ဆေးဆပ်ပြာရည်များ လှူဒါန်းခဲ့ပါတယ်။

၎င်းပံ့ပိုးမှုမှာ ကျောင်းများ ပြန်လည် ဖွင့်လှစ်သောအချိန်မှာ COVID-19 ကာကွယ်ရေး လမ်းညွန်ချက်များကိုလိုက်နာပြီး လုံခြုံစိတ်ချမှုရှိစေရန်အတွက် သင့်လျော်ကောင်းမွန်တဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လုပ်ဆောင်ရန် အကူအညီလိုအပ်တဲ့ လူမှုဝန်းကျင်မှ ကလေးများအတွက် လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

ခြေနင်းလက်ဆေးစင်နဲ့ လက်ဆေးဆပ်ပြာရည်များကို မကွေးတိုင်းဒေသကြီးရှိ ကျောင်း ၂၀၊ စစ်ကိုင်းတိုင်းဒေသကြီးရှိကျောင်း ၁၄ ကျောင်း၊ ဧရာ၀တီတိုင်းဒေသကြီးရှိ ကျောင်း ၁၀ ကျောင်း၊ ပဲခူးတိုင်းဒေသကြီးရှိ ကျောင်း ၁၀ ကျောင်း၊ မွန်ပြည်နယ်ရှိ ကျောင်း ၇ ကျောင်း၊ မန္တလေးတိုင်းရှိ ကျောင်း ၃၃ ကျောင်း တနင်္သာရီတိုင်းရှိ ကျောင်း ၁ ကျောင်း စသည်တို့ကို ကျောင်းသားအရေအတွက်ပေါ် မူတည်ပြီး ခွဲဝေပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««