အူရီဒူးမြန်မာမှ “ပိုရ ပိုသုံး” အစီအစဉ်ကို မိတ်ဆက်

အူရီဒူးမြန်မာမှ Supernet Fiber သုံးစွဲသူတွေကို ၂၀ ရာခိုင်နှုန်း အပိုဆောင်းအမြန်နှုန်းနဲ့ လစဉ် မိုဘိုင်းအကျိုးခံစားခွင့်တွေ ရရှိမယ့် ပိုရပိုသုံး အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။

ပရိုမိုးရှင်း အထူးအစီအစဉ် အနေနဲ့ အင်တာနက် 40Mbps, 50Mbps, သို့ 100Mbps အမြန်နှုန်းသုံးစွဲတွေအနေနဲ့ ပိုမိုလျင်မြန်တဲ့ အင်တာနက်ကို အပိုဆောင်း အမြန်နှုန်း ၂၀% အနေနဲ့ 48Mbps (40 Mbpsနှင့်အပိုဆောင်း အမြန်နှုန်း ၂၀ ရာခိုင်နှုန်း) , 60 Mbps (50Mbpနှင့် အပိုဆောင်းအမြန်နှုန်း ၂၀ ရာခိုင်နှုန်း) နဲ့ 120Mbps (100Mbpsနှင့် အပိုဆောင်းအမြန်နှုန်း ၂၀ ရာခိုင်နှုန်း) စသည်ဖြင့်ရရှိမှာဖြစ်ပါတယ်။

အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို ‌သြဂုတ်လကုန်အထိ ရရှိနိုင်မှာဖြစ်ပြီး ထပ်မံကြေညာချက်များ ရှိပါက အူရီဒူးမြန်မာဝက်ဘ်ဆိုက်တွင် အကြောင်းကြာပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ ပရိုမိုးရှင်းကာလအတွင်း ၀ယ်ယူသူတွေ အနေနဲ့ အပိုဆောင်းအမြန်နှုန်း၂၀ ရာခိုင်နှုန်းနဲ့ မိုဘိုင်းအကျိုးခံစားခွင့်တွေ ကို စတင် စာရင်းသွင်းတဲ့ နေ့မှစပြီး တစ်နှစ်ပြည့်သည် အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

-သန္တာ