အူရီဒူးဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် အမည်ပေါက်ပြောင်းလဲခြင်းကို My Ooredoo App မှတစ်ဆင့် ပြုလုပ်နိုင်

အူရီဒူး မြန်မာအနေနဲ့ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန် သို့မဟုတ် အမည်ပေါက် ပြောင်းလဲမှတ်ပုံတင်ရန် အတွက် အဆင်ပြေလွယ်ကူမှု အပြည့်အဝရှိစေတဲ့ နည်းလမ်းတွေကို ပြုလုပ်ပေးခဲ့သလို မှတ်ပုံတင်ပြီးတဲ့သူတွေ ကို အခမဲ့ ဒေတာလက်ဆောင်တွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။

အူရီဒူးဆင်းမ်ကတ် အသုံးပြုသူတွေအနေနဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင်ဖြစ်စေ၊ အမည်ပေါက် ပြောင်းလဲရာတွင်ဖြစ်စေ My Ooredoo App မှတစ်ဆင့် မှတ်ပုံတင်သွားနိုင်မှာဖြစ်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ရာမှာ နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြားများ (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံခြားသားများအတွက် ပတ်စ်ပို့) ကိုသာ အသုံးပြု၍ မှတ်ပုံတင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ My Ooredoo App မှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်မှု ပြီးတဲ့အခါမှာ မိမိကိုယ်တိုင် မှတ်ပုံတင်တဲ့သူတွေဟာ အခမဲ့ ဒေတာလက်ဆောင်ပမာဏ ၅၀၀MB ကို ရရှိမှာဖြစ်ပြီး အခြားသူအတွက် မှတ်ပုံတင်ရာမှာ မှတ်ပုံတင်တဲ့ ဆင်းမ်ကတ်ပိုင်ရှင်အနေနဲ့ ၂၅၀MB နဲ့ ကိုယ်စား မှတ်ပုံတင်ပေးသူဟာ ၂၅၀MB အသီးသီး ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်းရှိ အူရီဒူးအရောင်းဆိုင်များသို့ သွားရောက်ပြီးလည်း ဆင်းမ်ကတ်တွေကို မှတ်ပုံတင်နိုင်မှာဖြစ်ပြီး မှတ်ပုံတင်သူတွေအနေနဲ့ အခမဲ့ ဒေတာလက်ဆောင်ပမာဏ ၁၀၀MB ကို ရရှိမှာဖြစ်ပါတယ်။ အခမဲ့ ဒေတာလက်ဆောင်တွေကို ဆင်းမ်ကတ်မှတ်ပုံတင်မှု အောင်မြင်စွာပြီးစီးတဲ့ အချိန်မှစ၍ ၂၄ နာရီအတွင်း လက်ခံရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆင်းမ်ကတ် မှတ်ပုံတင်ရန် My Ooredoo App ကို*565# သို့ ဖုန်းခေါ်ဆို၍ အခမဲ့ရယူနိုင်သလို ဆင်းမ်ကတ် မှတ်ပုံတင်မှု အောင်မြင်စွာပြီးစီးခြင်း ရှိ မရှိကိုလည်း My Ooredoo App မှ တစ်ဆင့်ဖြစ်စေ၊ *666# သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ အလွယ်တကူ စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««