အီးမေးလ်အတုတွေ လျှော့ချဖို့ ကုမ္ပဏီ လိုဂို Google ထည့်သွင်း

Google ဟာ Gmail အတွက် လုံခြုံရေးလုပ်ဆောင်ချက်တစ်ခု ထည့်သွင်းလိုက်ပါတယ်။ အီးမေးလ်စစ်မှန်ကြောင်း သိနိုင်ဖို့ အမှတ်တံဆိပ်တွေရဲ့လိုဂိုကို ထည့်သွင်းလိုက်ပါတယ်။ အခုလုပ်ဆောင်ချက်က Message Identification (BIMI) စံသတ်မှတ်ချက် အတွက် အမှတ်တံဆိပ်အညွှန်းတွေ အသုံးပြုထားပါတယ်။ အဲဒီအဖွဲ့က မနှစ်က Google နဲ့အတူ အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ လာမယ့်အပတ်အတွင်း ပေးပို့သူ အရေအတွက် အနည်းငယ်မှာ စမ်းသပ်သွားပါမယ်။

BIMI အသုံးပြုထားတဲ့ အီးမေးလ်က မူလရင်းမြစ်နဲ့ပတ်သက်ပြီး အီးမေးလ်လက်ခံရရှိသူက ပိုမိုယုံကြည်မှုရှိလာပါမယ်။ လိမ်လည်သူတွေက phishing တိုက်ခိုက်မှုမှာ တစ်ကိုယ်ရေအချက်အလက်တွေ တောင်းခံတာ ဒါမှမဟုတ် အန္တရာယ်ရှိလင့်ခ်တွေ နှိပ်ခိုင်းလေ့ရှိတတ်ပါတယ်။ Google က BIMI ကိုအခြားနည်းပညာ DMARC နဲ့ပေါင်းစပ်အသုံးပြုပါမယ်။ DMARC က တရားဝင်ရင်းမြစ် ဟန်ဆောင်တဲ့ အီးမေးလ်လိပ်စာ အတု လုပ်သူတွေကို ရပ်တန့်စေပါတယ်။

-စိုးထက်
Ref: TheVerge