အီလွန်မက်ရဲ့ နောက်ထပ် ဝှက်ဖဲတစ်ချပ် (သို့မဟုတ်) Neuralink

မကြာသေးမီ ရက်ပိုင်းအတွင်း SpaceX ကုမ္ပဏီက သူတို့ရဲ့ဖယ်လ်ကွန် (၉) ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒုံးပျံက ဂြိုဟ်တုပေါင်း (၆၀) ကို ကမ္ဘာပတ်လမ်း ကြောင်းထဲ ပို့ဆောင်ပြီးတာနဲ့ သတ်မှတ်ထားတဲ့နေရာမှာ ပြန်လည်ဆင်းသက်ခဲ့ပါသေးတယ်။

ဒါက ဒီဒုံးပျံအတွက် လေးကြိမ်မြောက် အာကာသခရီး ဖြစ်သလို ဂြိုဟ်တုပေါင်း (၁၂၀၀၀) အထိ လွှတ်တင်ဖို့ ခွင့် ပြုချက်ရထားပြီးဖြစ်တဲ့ SpaceX ကုမ္ပဏီအတွက် ခြေလှမ်းလေး တစ်လှမ်းသာ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Tesla ကားကုမ္ပဏီက သူတို့ရဲ့ ဆိုင်ဘာ ထရပ် လျှပ်စစ်ကားသစ်နဲ့ မိတ်ဆက်ခဲ့ပါတယ်။ အသွင်ဆန်းလွန်းလှတဲ့ ဆိုင်ဘာထရပ်က မြင်သူတိုင်းကို ဖမ်းစားနိုင်ခဲ့လို့ ချက်ချင်း ကမ္ဘာကျော်သွားခဲ့ပါတယ်။ ပြသပြီး (၄၈) နာရီအတွင်း ကြိုတင် အမှာစာပေါင်း (၁၄၆၀၀၀) ရရှိခဲ့လို့ ကုမ္ပဏီအတွက် ဒေါ်လာသန်း (၂၀) ကောက်ရလိုက် သလိုပါပဲ။ ပိုပြီး ထူးခြားတာကဆိုင်ဘာထရပ်အတွက် ကြော်ငြာခ တစ်ပြားတစ်ချပ်တောင် မသုံးစွဲခဲ့ရတာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်း ကတော့ Tesla ရော SpaceX ပါ ဒေဝါလီခံလုနီးပါး ကုမ္ပဏီတွေသာ ဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာခဲ့တာက သူတို့နှစ်ခု စလုံးရဲ့ စီအီးအိုဖြစ်သူ အီလွန်မက်ကြောင့်ဆိုရင် မှားမယ် မထင်တော့ပါဘူး။ ဒါဖြင့်တစ်ဘက် မှာ SpaceX နောက်တစ်ဘက် မှာ Tesla ကိုကိုင်ထားတဲ့ နည်း ပညာပါရမီရှင် အီလွန်မက်ရဲ့ နောက်ထပ် ဝှက်ဖဲက ဘာများ ဖြစ်နိုင်ပါသလဲ။ နည်းပညာဂုရုကြီးလည်းဖြစ်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တဲ့ အီလွန်မက်ရဲ့ နောက်ထပ် ရွှေ့ကွက်တွေကို ခန့်မှန်းဖို့ဆိုတာ မဖြစ်နိုင်သ လောက်ပါပဲ။ ဒါကြောင့် အခုလက်ထဲမှာ ကိုင်ထားတဲ့ စီမံကိန်း တွေထဲကပဲ အနာဂတ်အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး၊ ဆန်းသစ်တီထွင်မှု အရှိဆုံးခြေလှမ်းသစ်ကို မိတ်ဆက်ပေးချင်ပါတယ်။ လက်ရှိအချိန်မှာ အီလွန်မက်က နေရောင်ခြည်စွမ်းအင်အတွက် Solarcity၊ သယ်ယူပို့ဆောင် ရေးပုံစံသစ်အတွက် Boring ကုမ္ပဏီစသဖြင့် ထူးခြားဆန်းပြား တဲ့ စီမံကိန်းမျိုးစုံမှာဦးဆောင်နေ တာပါ။ အဲဒီအထဲမှာစိတ်လှုပ်ရှား စရာ အကောင်းဆုံးတစ်ခုကတော့ Neuralink လို့ ဆိုချင်ပါတယ်။

Neuralink

၂၀၁၅ ခုနှစ်အတွင်းတက္က သိုလ်ပါမောက္ခ တစ်ယောက်ဖြစ် သူ ပက်ဒရမ်မိုဆာနီ နဲ့ အခြား လုပ်ဖော်ကိုင်ဖက် ရူးဒေါ့နူဒိုတို့က ကုမ္ပဏီတစ်ခုကို စတင်တည် ထောင်ခဲ့ကြပါတယ်။ သူတို့နှစ် ယောက်စလုံးက ဦးနှောက်နဲ့အာ ရုံကြောဆိုင်ရာ နည်းပညာကျွမ်း ကျင်သူတွေမို့ ဦးနှောက် ထိခိုက် ဒဏ်ရာ ရရှိထားသူတွေကိုအကူ အညီပေးနိုင်မယ့် နည်းပညာကုန် ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ရည်ရွယ်ခဲ့ကြတာပါ။ အဲဒီ ကုမ္ပဏီကို Neuralink လို့ အမည်ပေးခဲ့ပြီး ကြိုးစားလုပ် ဆောင်ခဲ့ပေမယ့် လိုအပ်တဲ့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေတော့ မရရှိခဲ့ကြရှာပါဘူး။

ဒါပေမဲ့ တရက်မှာတော့သူ တို့ရဲ့ ကုမ္ပဏီနာမည်ကိုပဲဒေါ်လာ သောင်းချီပေးဝယ်မယ့်လူထူးလူ ဆန်းတွေ ပေါ်လာလို့နှစ်ယောက် လုံး အံ့ဩသွားရပါတယ်။ဝမ်းသာ အားရနဲ့ ခေါင်းငြိမ့်လိုက်ပြီး သိပ်မကြာခင်မှာတော့ ဒီနာမည်ကိုဝယ်ယူ သွားသူကနည်းပညာဂု ရုကြီး အီလွန်မက် ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဘီလျံနာကြီး အီလွန် မက်ဆီကနေ ပိုက်ဆံအများကြီး မတောင်းလိုက်ရ တာ ကြောင့် သူတို့နှစ်ယောက်ကဝမ်း မနည်းပါဘူး။ အဲဒီအစား သူတို့ တစ်သက်လုံး လုပ်လာခဲ့တဲ့အာ ရုံကြောဆိုင်ရာ နည်းပညာတွေမှာ အခုလို လှုပ်လှုပ်ရှားရှား ဖြစ်လာတာနဲ့တင် ဝမ်းသာမဆုံး ဖြစ်နေခဲ့
ကြပါပြီ။

၂၀၁၆ ခုနှစ်အတွင်း နောက် ထပ် Neuralink ကုမ္ပဏီသစ်ကို အီလွန်မက်က ဦးဆောင်ပြီးအခြား ပညာရှင်တွေနဲ့ စတင်တည် ထောင်ခဲ့ကြပါတယ်။ တည် ထောင်ပြီး နောက်တစ်နှစ်အကြာ ၂၀၁၇ ခုနှစ် မတ်လကျမှအများ ပြည်သူသိအောင် ဖွင့်ချပြခဲ့ပါ တယ်။ Neuralink ရဲ့ပန်းတိုင်က လူ့ဦးနှောက်နဲ့ စက်ပစ္စည်းတွေကို ပေါင်းစပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ လူ့ဦးနှောက်အတွင်းမှာထည့်သွင်း ထားနိုင်မယ့် ပစ္စည်းလေးတွေကို အသုံးပြုပြီး ပြင်ပမှာရှိတဲ့ဖုန်း၊ ကွန်ပျူတာအပြင် တခြားစက် ကိရိယာမျိုးစုံနဲ့ ချိတ်ဆက်အသုံး ပြုနိုင်အောင် ဖန်တီး လုပ်ဆောင်ကြမှာပါ။

စက်ပစ္စည်းတွေရဲ့ အသိဉာဏ် ဒါမှမဟုတ် ဖန်တီးပြုလုပ် ထားတဲ့ အသိဉာဏ် (Artificial Intelligence) နဲ့ ပတ်သက်ရင် အီလွန်မက်က အမြဲတမ်း စိုးရိမ်သောဘ ကမကင်း ဖြစ်ခဲ့ရပါတယ်။ သေသေချာချာ ထိန်းချုပ်မှုတွေ မပြု လုပ်ထားရင် AI က လူသားမျိုး နွယ်တွေအပေါ် လွှမ်းမိုးပြီး အန္တရာယ်ပေးလာနိုင်တယ်လို့ သူက ယုံကြည်ပါတယ်။ ဒါကြောင့် AI နဲ့ ရင်ဘောင်တန်းနိုင်အောင် လူ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကို မြှင့်တင်နိုင်ဖို့ နည်းလမ်းတွေ အမျိုးမျိုး ရှာကြံနေခဲ့တာပါ။အဲဒီ ထဲမှာ လူ့ဦးနှောက်နဲ့ စက်ပစ္စည်း တွေ ပေါင်းစပ်နိုင်ရေးလည်း ပါ ဝင်လို့ နေပါတယ်။

BrainGate နဲ့ Kernel

တကယ်တော့ ဦးနှောက်အတွင်းပိုင်းမှာ ပစ္စည်းလေးတွေတပ် ဆင်ပြီး ပြင်ပက စက်ကိရိယာ တွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစား ကြတဲ့နေရာမှာ Neuralink ကပထမဆုံး မဟုတ်ပါဘူး။ ဘရောင်းတက္ကသိုလ်ကနေ ပထမဆုံးဖန် တီးလိုက်တဲ့ BrainGate စနစ်ဆို တာလည်း ရှိနှင့်ပြီးသားပါ။ အဲဒီစ နစ်မှာ ဦးနှောက်အတွင်းလျှပ်စစ် ငုတ်ပေါင်း ၁၂၈ ခုထည့်သွင်း ပြီး ဦးနှောက်ရဲ့လုပ်ဆောင်မှု၊အ ချက်အလက်တွေကိုစောင့်ကြည့် ဖတ်ရှုနိုင် ပါတယ်။ဒီစနစ်ကိုကျော ရိုးဆစ်ဒဏ်ရာကြောင့် ခြေလက် သေသွားတဲ့ မက်သယူး နေဂယ်က စတင် စမ်းသပ်အသုံးပြုခဲ့ပါ တယ်။ ၂၀၀၆ ခုနှစ်မှာ မက်သယူးက သူ့ရဲ့ဦးနှောက်အတွင်း စိုက်ထည့်ထားတဲ့ လျှပ်စစ်ငုတ် လေးတွေရဲ့ အကူအညီနဲ့ “pong” ကွန်ပျူတာဂိမ်းကို ကစားပြခဲ့တာပါ။ ကွန်ပျူတာပေါ်က လိုအပ်တဲ့ လှုပ်ရှားမှုတွေကို မက် သယူးက သူ့ရဲ့အတွေးနဲ့တင်ထိန်း ချုပ် ရွေ့လျားနိုင်ခဲ့ပါတယ်။အဲဒီ နောက်ပိုင်းမှာတော့ ဦးနှောက် အတွင်း စိုက်ထည့်ထားတဲ့လျှပ်စစ် ငုတ်လေးတွေရဲ့အကူအညီနဲ့ အ တွေးနဲ့တင် လှုပ်ရှားနိုင်မယ့်စက် ရုပ်ခြေတု လက်တုတွေ တီထွင်ဖန် တီးနိုင်လာခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာပဲ အီလွန်မက်နည်းတူ နည်းပညာပါ ရမီရှင် စွန့်ဦးတီထွင်သမားတစ် ယောက်ဖြစ်တဲ့ ဘရိုင်ယန်ဂျွန်ဆင် ကလည်း ဒေါ်လာသန်း (၁၀၀) ကျော်ရင်းနှီးမြှုပ်ပြီး Kernel ကုမ္ပဏီကို တည်ထောင်ခဲ့ပါ တယ်။ဘရိုင်ယန်ရဲ့ ကုမ္ပဏီက လည်း လူ့ဦးနှောက်နဲ့ စက်ပစ္စည်း တွေကိုပေါင်းစပ်ဖို့ ကြိုးစားနေ တာပါ။ မှတ်ဉာဏ်ချစ်ပ်ပြား လေး တွေကို လူ့ဦးနှောက်အတွင်းမှာ စိုက်ထည့်ပြီး အယ်လ်ဇိုင်းမား ရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ တ ခြားသတိမေ့တဲ့ ရောဂါတွေကို ကု သနိုင်မယ်လို့ ဆိုပါတယ်။

Neuralink ၏ စွမ်းဆောင်မှုများ

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အလယ် မှာ Neuralink ကုမ္ပဏီရဲ့လုပ် ဆောင်မှုတွေကို အီလွန်မက်က ပထမဆုံးအကြိမ်အဖြစ် အများ ပြည်သူကို ချပြခဲ့ပါတယ်။ဖန်တီးမှု တွေအနက် အထူးခြားဆုံးက (Threads) အမျှင်လေးတွေပါ။ ကွေး နိုင်ဆန့်နိုင်သလို ဆံခြည်မျှင် လေးတွေထက်တောင်ပိုပြီးသေး ငယ်လို့ လက်ရှိဦးနှောက်ထဲစိုက် ထည့်နေကြတဲ့ ပစ္စည်းတွေထက် ပိုပြီး အန္တရာယ်ကင်းပါတယ်။ဒီလို မျိုးအမျှင်ပေါင်း (၉၆) ခုကိုအ သုံးပြုပြီး လျှပ်စစ်ငုတ်ပေါင်း (၃၀၇၂) ခုအထိ လူ့ဦးနှောက်အ တွင်းမှာစိုက်သွင်းလိုက်တဲ့အခါ ဦး နှောက်ဆီကနေအချက်အလက် အများအပြားကို ရယူနိုင်ပါလိမ့် မယ်။ BrainGate ထက် ပိုပြီးများ ပြားတဲ့လျှပ်စစ်ငုတ်လေးတွေ စိုက်ထည့်နိုင်တာကြောင့် ပိုပြီးစွမ်း ဆောင်ရည် မြင့်မားလာမယ် ဆိုတာ အသေအချာပါပဲ။

Threads အမျှင်လေးတွေက ပိုပြီး သေးငယ်ပျော့ပျောင်းလွန်း တာနဲ့အမျှ ဦးနှောက်ထဲကို ထည့် သွင်းဖို့ပိုပြီး ခက်ခဲလာရပါတယ်။ ဒီအတွက် Neuralink ကပဲအာ ရုံကြောခွဲစိတ်ပေးမယ့် ရိုဘော့ စက်ရုပ်တစ်ခုကို ဖန်တီးထားပါတယ်။ အဲဒီစက်ရုပ်က လူ့ဦး နှောက်ထဲမှာ ယှက်ဖြာနေတဲ့ သွေး ကြောလေးတွေကို ရှောင်ရှားပြီး တစ်မိနစ်ကို အမျှင် ၆ ခုနှုန်းနဲ့ ထည့်သွင်းပေးနိုင်ပါတယ်။ အဲဒီ စက်ရုပ်ရဲ့ ပုံကို မြင်ရတဲ့အခါ သတင်းသမားတွေကတော့ အပ်ချုပ်စက်နဲ့ ဆင်တူနေတယ်လို့ ပြက်လုံးထုတ်ကြပါတယ်။

Neuralink ရဲ့ ဖန်တီးမှု တွေမှာ ဦးခေါင်းခွံကို ဖောက်ဖို့ လက်ရှိအသုံးပြုနေတဲ့ ပစ္စည်းတွေအစား လေဆာအသုံးပြုခွဲစိတ်ခြင်းလည်း ပါဝင်ပါတယ်။ လေဆာအသုံးပြုခြင်းအားဖြင့် ခွဲစိတ်နေစဉ်အတွင်း တုန်ခါမှုတွေကို လျော့ချနိုင်ပြီး ဦးနှောက်ဒဏ်ရာ ရရှိနိုင်ခြေကို လျော့ကျစေမယ်လို့ ဆိုထားပါတယ်။ နောက်ထပ် ဖန်တီးမှုတစ်ခု အနေနဲ့ ဦးနှောက်က ရလာတဲ့ အချက်အလက်တွေကို စိစစ်တွက်ချက်ပေးမယ့် ချစ်ပ်ပြားလေးတွေကိုလည်း ပြသသွားခဲ့ပါတယ်။ အဲဒီလို ချစ်ပ်ပြားမျိုးလေးခုကို ဦးနှောက်အတွင်းမှာ ထည့်သွင်းထားမှာဖြစ်ပြီး ဦးနှောက်ပြင်ပမှာတော့ ဘတ္ထရီအ သုံးပြုရမယ့် နောက်တစ်ခုကို ဝတ်ဆင်ရမှာပါ။ ဒီချစ်ပ်ပြားတွေ အားလုံးကို iPhone app တစ်ခုနဲ့ ထိန်းချုပ်ထားနိုင်ပါလိမ့်မယ်။ သူတို့အချင်းချင်း ဆက်သွယ်ဖို့ ကြိုးမဲ့စနစ်နဲ့ ဆောင်ရွက်နိုင် အောင် ကြိုးစားနေဆဲဖြစ်ပေမယ့် ကြိုးမဲ့ မဟုတ်တဲ့ စနစ်ကိုတော့ ကြွက်တွေမှာ အောင်မြင်စွာ လုပ်ဆောင်ပြပြီးပါပြီ။

အခုလို အောင်မြင်မှုတွေကို လူအများသိအောင် ပြောပြရခြင်း ရဲ့ ရည်ရွယ်က ကြွားဝါလိုခြင်း မဟုတ်ပါဘူးလို့ အီလွန်မက်က ဆိုခဲ့ပါသေးတယ်။ သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ လူအများသိပြီး ကျွမ်းကျင်ပညာရှင်တွေ ထပ်မံ ပူးပေါင်းပါဝင်လာ စေဖို့ ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပါ တယ်တဲ့။ ဦးနှောက်ဒဏ်ရာ ရရှိ ထားသူတွေကို ကူညီဖို့အပြင် ကုမ္ပဏီရဲ့ ရည်မှန်းချက်အတိုင်း လူ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်စေဖို့ဆိုရင် နောက်ထပ် ပါရမီရှင်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါသေး တယ်။ Neuralink မှာ လက်ရှိအချိန်ထိ ဒေါ်လာသန်း ၁၅၀ ကျော် ရင်းနှီးထားသလို ပညာရှင်ဝန်ထမ်းပေါင်း ၉၀ ဦးနဲ့ လုပ်ဆောင်နေကြပါတယ်။ အဲဒီအထဲမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ထိပ်တန်းပညာရှင်ပေါင်းများစွာ ပါဝင်နေပါတယ်။

အခုလိုမျိုး လူ့ဦးနှောက်နဲ့ စက်ပစ္စည်းတွေကို ပေါင်းစည်းဖို့ ကြိုးစားရာမှာ စကော့တလန် လူမျိုး သိပ္ပံစာရေးဆရာ အီယန် အမ် ဘန့်ခ်ရဲ့ ဝတ္ထုတွေကို ဖတ်ပြီး အကြံဉာဏ်တွေ ရခဲ့ပါတယ်လို့ အီလွန် မက်က ပြောဖူးပါတယ်။ ဒါပေမဲ့ ဝတ္ထုတွေထဲကအတိုင်း လိုက်လုပ်ရ ကောင်းလားဆိုပြီး သူ့ကို ဘယ်သူကမှ မလှောင် ပြောင်ရဲတော့ပါဘူး။ လက်ရှိအောင်မြင်နေတဲ့ SpaceX ကုမ္ပဏီကိုလည်း သူငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ ရုပ်ပြကာတွန်းထဲက အာကာသခရီးစဉ်တွေကို အားကျပြီး တည်ထောင်ထားလို့ပါ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဆန်းသစ်လှပလွန်းတဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်ပေးနေတဲ့ Tesla ကုမ္ပဏီ၊ လူတိုင်း တတ်နိုင်မယ့်ဈေးနှုန်းနဲ့ အာကာသခရီးကို ပို့ဆောင်ပေးဖို့ လမ်းစပွင့်သွားတဲ့ SpaceX ကုမ္ပဏီ စတာတွေကိုအီလွန် မက်က ဦးဆောင်နိုင်ခဲ့ပါ တယ်။ လာမယ့်နှစ်တွေမှာကော လူ့ဦးနှောက်နဲ့ စက်ပစ္စည်းတွေ ပေါင်းစည်းပေးဖို့ Neuralink ကုမ္ပဏီကို ဆက်လက်ဦးဆောင်သွားနိုင်မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ကြရပါတော့မယ်။

-လုကာကျော်
မှီငြမ်း။ Wikipedia၊ The Verge၊ LA Times။