အီလြန္မက္စ္ရဲ႕ AI bot ေတြကို ေထာက္ခံလိုက္တဲ့ ဘီလ္ဂိတ္စ္

[ Zawgyi ]

နည္းပညာလုပ္ငန္းရွင္ ဘီလ်ံနာ အီလြန္မက္စ္ဟာ အက်ိဳးအျမတ္မယူတဲ့ OpenAI အဖြဲ႕အစည္းတြဲဖက္တည္ေထာင္သူျဖစ္သလုိ ေငြေၾကးေထာက္ပံ့မႈလညး္ ေပးထားပါတယ္။ OpenAI ဟာ Dota 2 ဂိမ္းမွာ လူသားေတြပါဝင္တဲ့ အဖြဲ႕ကုိ အႏိုင္ယူႏိုင္တဲ့ AI bot အဖြဲ႕ကုိ တည္ေဆာက္ခဲ့ပါတယ္။

Microsoft တြဲဖက္တည္ေထာင္သူျဖစ္တဲ့ ဘီလ္ဂိတ္စ္ဟာ OpenAI ရဲ႕စြမ္းေဆာင္မႈကို အလြန္အားရေက်နပ္ေနပါတယ္။

“AI bot ေတြဟာ Dota 2 ဗီဒီယိုဂိမ္းမွာ လူသားေတြကုိ အႏိုင္ယူခဲ့ပါတယ္။ ဒါဟာ အေရးပါတဲ့ ကိစၥျဖစ္ပါတယ္။ AI bot ေတြရဲ႕အႏိုင္ရရွိမႈမွာ အဖြဲ႕လိုက္လုပ္အားနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ပါဝင္ၿပီး အဆင့္ျမင့္ artificial intelligence နည္းပညာရဲ႕ အႀကီးမားဆုံး သမိုင္းမွတ္တိုင္ျဖစ္ပါတယ္” လို႔ ဘီလ္ဂိတ္စ္က Twitter မွာေရးသားခဲ့ပါတယ္။

အရင္တုန္းက AI bot ေတြဟာ Dota တစ္ဦးခ်င္းၿပိဳင္ပြဲေတြမွာ အႏုိင္ရရွိခဲ့ဖူးတယ္လို႔ Open AI machine learning အင္ဂ်င္နီယာျဖစ္တဲ့ ခရစၥတီဒန္နီဆန္က တနလၤာေန႔က ထြက္ရွိတဲ့ဗီဒီယိုတစ္ခုမွာ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ အဖြဲ႕လိုက္ dota ယွဥ္ၿပိဳင္မႈနဲ႔ မတူပါဘူး။

“Dota ဟာၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးနဲ႔ အေက်ာ္ၾကားဆုံး ဗီဒီယိုဂိမ္းေတြထဲက တစ္ခုျဖစ္ပါတယ္။ Dota ကစားမယ္ဆုိရင္ ငါးေယာက္တစ္ဖြဲ႕အျဖစ္ ပူးေပါင္းေဆာင္ရြက္ၿပီး အာ႐ုံစိုက္ ကစားရပါမယ္။ ၿပီးခဲ့တဲ့ႏွစ္က ကၽြန္ေတာ္တို႔က တစ္ဦးခ်င္းယွဥ္ၿပိဳင္ရတဲ့ minigame မွာကမ​ၻာ့အေကာင္းဆုံး ကစားေတြကုိ အႏိုင္ယူခဲ့တဲ့ bot တစ္ခုကို တည္ေဆာက္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ၿပိဳင္ပြဲတစ္ခုလုံးက အေကာင္ဆုံး ပ႐ိုအဖြဲ႕ေတြကုိ အႏိုင္ယူခ်င္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ AI စနစ္သစ္ကို တည္ေဆာက္ၿပီး လအနည္းငယ္အတြင္း ေလ့က်င့္ေပးခဲ့ပါတယ္” လို႔ဒန္နီဆန္ကေျပာသြားပါတယ္။

“အခုဆုိရင္ ကၽြန္ေတာ္တို႔ရဲ႕ bot ကၽြမ္းက်င္မႈကုိ စမ္းသပ္ဖုိ႔ ဝါသနာရွင္အဖြဲ႕ေတြနဲ႔ စတင္ယွဥ္ၿပိဳင္ကစားခဲ့ပါတယ္။ အံ့အားသင့္စရာပါပဲ။ ကၽြန္ေတာ္တို႔စမ္းသပ္ခဲ့သမွ် အသင္းတိုင္းနဲ႔ ပထမဂိမ္းေတြမွာ အႏိုင္ရရွိခဲ့ပါတယ္”

AI bot အဖြဲ႕ဟာ Dota ကစားဖို႔ ကုိယ့္ဘာသာကုိယ္ သင္ယူခဲ့တယ္လို႔ OpenAI ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ OpenAI Five အဖြဲ႕ဟာေန႔စဥ္ေန႔တိုင္း ႏွစ္ေပါင္း ၁၈၀ နဲ႔ညီမွ်တဲ့ ဂိမ္းပြဲစဥ္ ေတြကို ကစားႏိုင္ပါတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

OpenAI အဖြဲ႕အေနနဲ႔ ၾသဂုတ္အတြင္းမွာျပဳလုပ္မယ့္ Dota ကမ​ၻာ့႔ခ်န္ပီယံရွစ္ၿပိဳင္ပြဲ The International မွာပါဝင္ၾကမယ့္ ပေရာ္ဖက္ရွင္နယ္ေတြကုိ အႏိုင္ယူဖို႔ Dota AI bot ေတြကို တုိးတက္ေအာင္ ဆက္လက္လုပ္ကုိင္သြားမွာ ျဖစ္ပါတယ္။

OpenAI ကို ၂၀၁၅ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး အဖြဲ႕အစည္းရဲ႕ ရည္မွန္းခ်က္ကေတာ့ artificial intelligence နဲ႔လုံၿခဳံတဲ့ အနာဂတ္ကုိ ရွာေဖြ၊ က်င့္သုံးသြားဖို႔ပဲ ျဖစ္တယ္လို႔ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

စိုးထက္
Ref: CNBC

[ Unicode ]

နည်းပညာလုပ်ငန်းရှင် ဘီလျံနာ အီလွန်မက်စ်ဟာ အကျိုးအမြတ်မယူတဲ့ OpenAI အဖွဲ့အစည်းတွဲဖက်တည်ထောင်သူဖြစ်သလို ငွေကြေးထောက်ပံ့မှုလညး် ပေးထားပါတယ်။ OpenAI ဟာ Dota 2 ဂိမ်းမှာ လူသားတွေပါဝင်တဲ့ အဖွဲ့ကို အနိုင်ယူနိုင်တဲ့ AI bot အဖွဲ့ကို တည်ဆောက်ခဲ့ပါတယ်။

Microsoft တွဲဖက်တည်ထောင်သူဖြစ်တဲ့ ဘီလ်ဂိတ်စ်ဟာ OpenAI ရဲ့စွမ်းဆောင်မှုကို အလွန်အားရကျေနပ်နေပါတယ်။

“AI bot တွေဟာ Dota 2 ဗီဒီယိုဂိမ်းမှာ လူသားတွေကို အနိုင်ယူခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ AI bot တွေရဲ့အနိုင်ရရှိမှုမှာ အဖွဲ့လိုက်လုပ်အားနဲ့ ပူးပေါင်းဆောင်ရွက်မှု ပါဝင်ပြီး အဆင့်မြင့် artificial intelligence နည်းပညာရဲ့ အကြီးမားဆုံး သမိုင်းမှတ်တိုင်ဖြစ်ပါတယ်” လို့ ဘီလ်ဂိတ်စ်က Twitter မှာရေးသားခဲ့ပါတယ်။

အရင်တုန်းက AI bot တွေဟာ Dota တစ်ဦးချင်းပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့ဖူးတယ်လို့ Open AI machine learning အင်ဂျင်နီယာဖြစ်တဲ့ ခရစ္စတီဒန်နီဆန်က တနင်္လာနေ့က ထွက်ရှိတဲ့ဗီဒီယိုတစ်ခုမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့လိုက် dota ယှဉ်ပြိုင်မှုနဲ့ မတူပါဘူး။

“Dota ဟာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ အကျော်ကြားဆုံး ဗီဒီယိုဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Dota ကစားမယ်ဆိုရင် ငါးယောက်တစ်ဖွဲ့အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး အာရုံစိုက် ကစားရပါမယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့က တစ်ဦးချင်းယှဉ်ပြိုင်ရတဲ့ minigame မှာကမ​္ဘာ့အကောင်းဆုံး ကစားတွေကို အနိုင်ယူခဲ့တဲ့ bot တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပြိုင်ပွဲတစ်ခုလုံးက အကောင်ဆုံး ပရိုအဖွဲ့တွေကို အနိုင်ယူချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ AI စနစ်သစ်ကို တည်ဆောက်ပြီး လအနည်းငယ်အတွင်း လေ့ကျင့်ပေးခဲ့ပါတယ်” လို့ဒန်နီဆန်ကပြောသွားပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ရဲ့ bot ကျွမ်းကျင်မှုကို စမ်းသပ်ဖို့ ဝါသနာရှင်အဖွဲ့တွေနဲ့ စတင်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အံ့အားသင့်စရာပါပဲ။ ကျွန်တော်တို့စမ်းသပ်ခဲ့သမျှ အသင်းတိုင်းနဲ့ ပထမဂိမ်းတွေမှာ အနိုင်ရရှိခဲ့ပါတယ်”

AI bot အဖွဲ့ဟာ Dota ကစားဖို့ ကိုယ့်ဘာသာကိုယ် သင်ယူခဲ့တယ်လို့ OpenAI ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ OpenAI Five အဖွဲ့ဟာနေ့စဉ်နေ့တိုင်း နှစ်ပေါင်း ၁၈၀ နဲ့ညီမျှတဲ့ ဂိမ်းပွဲစဉ် တွေကို ကစားနိုင်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

OpenAI အဖွဲ့အနေနဲ့ သြဂုတ်အတွင်းမှာပြုလုပ်မယ့် Dota ကမ​္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ The International မှာပါဝင်ကြမယ့် ပရော်ဖက်ရှင်နယ်တွေကို အနိုင်ယူဖို့ Dota AI bot တွေကို တိုးတက်အောင် ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

OpenAI ကို ၂၀၁၅ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကတော့ artificial intelligence နဲ့လုံခြုံတဲ့ အနာဂတ်ကို ရှာဖွေ၊ ကျင့်သုံးသွားဖို့ပဲ ဖြစ်တယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

စိုးထက်
Ref: CNBC