အီလက်ထရောနစ်စာပို့စနစ်နှင့် ဒီဂျစ်တယ် သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ် စီမံကိန်းဆောင်ရွက်ရန် ဩစတြီးယားနိုင်ငံထောက်ပံ့ငွေနှင့် အတိုးမဲ့ချေးငွေရယူနိုင်ရေးကို လွှတ်တော်မှခွင့်ပြု

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အီလက်ထရောနစ်စာပို့စနစ်နှင့်ဒီဂျစ်တယ် သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ် စီမံကိန်းဆောင်ရွက်ရန် ဩစတြီးယားနိုင်ငံ Unicredit Bank ထံမှ ထောက်ပံ့ငွေ ယူရို ဝ.၈၆၁ သန်း နဲ့ အတိုးမဲ့ချေးငွေယူရို ၄.၈၇၆ သန်း ရယူနိုင်ရေးကိစ္စနဲ့ စပ်လျဉ်းပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမှာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၅ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့နိုင်တာ ဖြစ်ပါတယ်။ အီလက်ထရောနစ်စာပို့စနစ်နဲ့ ဒီဂျစ်တယ် သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ် စီမံကိန်းဆောင်ရွက်ရန် ဩစတြီးယားနိုင်ငံ Unicredit Bank ထံမှ ထောက်ပံ့ငွေ ယူရို ဝ.၈၆၁ သန်းနဲ့ အတိုးမဲ့ချေးငွေယူရို ၄.၈၇၆ သန်း ရယူနိုင်ရေးကိစ္စနဲ့စပ်လျဉ်းပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပြီး စီမံကိန်းကို စာချုပ်ချုပ်ဆိုပြီးက ခြောက်လအတွင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အစိုးရဌာန အဖွဲ့အစည်းများမှာ အရေးကြီးကိစ္စရပ်များကို ပိုမိုလုံခြုံမှုရှိသော နိုင်ငံပိုင်အီလက်ထရွန်နစ်စာပို့စနစ် Email အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး အဆင့်မြှင့် တင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပြီး eGovernment စနစ်ကို များစွာ အထောက်အကူဖြစ်စေ နိုင်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လွှတ်တော်မှာ တင်ပြထားပြီး ဖြစ်ပါတယ်။

ချေးငွေမှာ သက်တမ်း အနေနဲ့ (၂၄) နှစ် ဖြစ်ပြီး ဆိုင်းငံ့ကာလခုနစ်နှစ်ခွဲ ၊ ပြန်ဆပ်ကာလ (၁၆) နှစ်ခွဲဖြစ်ပြီး အတိုးမဲ့ချေးငွေဖြစ်၍ အတိုးနှုန်း သုညရာခိုင်နှုန်းဖြစ်သော်လည်း အာမခံကြေး၊ စီမံခန့်ခွဲစရိတ် စတာတွေကို ပေးဆောင်ရမှာ ဖြစတေယ်လို့သိရပါတယ်။

-ကျော်ဇေယျ