အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းအတွက် ချေးငွေ ယူရို (၃၃) သန်းကို ချေးယူခွင့်ပြု

နေပြည်တော်တွင် ယနေ့ မေလ (၂၉ )ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသတ္တမနေ့ ကနေပြီး အီလက်ထရောနစ်စနစ်နဲ့ လူဦးရေ မှတ်ပုံတင်ခြင်း စီမံကိန်းအတွက် လိုအပ်သော ချေးငွေ ယူရို (၃၃)သန်းကို ချေးယူခွင့် ပြုလုပ်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ချေးငွေယူရို (၃၃) သန်းကို ဩစတြေးလျနိုင်ငံ Unicredit Bank က အတိုးမဲ့ ရယူရေးနဲ့ပတ်သက်ပြီး လွတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရာမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးမှုအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ရယူရာမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးမှုအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနဲ့ လွှတ်တော်ဆုံးဖြတ်ချက် ရယူရာမှာ ကန့်ကွက်သူမရှိဘဲ ချေးငွေရယူရေးမှာ အောင်မြင်ပြီး ချေးယူခွင့်ပြုလိုက်တာဖြစ်ကြောင်း သိရပါတယ်။

ဒီဂျစ်တယ်စနစ်နဲ့ နိုင်ငံသားမှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်တာဟာ e-Government ဖော်ဆောင်ရေးမှာ အဓိကကျတာဖြစ်ပြီး ဒီဂျစ်တယ်စနစ်နဲ့ နိုင်ငံသားမှတ်ပုံတင်တဲ့ လုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၆ မေလ ကနေ ၂၀၁၉ ဧပြီလအထိ ကမ္ဘာ့ဘဏ်အပါအဝင် ကုမဏီ၊ အဖွဲ့အစည်း ၅ ခုမှ (၈၁) ကြိမ်၊ HD Center, World Bank, Omidyar Network, အိန္ဒိယသံရုံး၊ OeSD နဲ့ မင်္ဂလာမြန်မာ၊ NEC Cooperation Thales တို့ရဲ့ အကူညီနဲ့ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ (၇)ကြိမ်၊ World Bank မှလည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Digital စနစ်တစ်ခု အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် Identity Management System Analysis, Country Report for Myanmar ပြုစု ပေးခြင်း စတာတွေ ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မေ ၂၉ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ထည့်သွင်းဆွေးနွေးတဲ့အခါမှည ကန့်ကွက်သူမရှိ သဘောတူတဲ့အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဆောင်ရွက်မယ့် အီလက်ထရောနစ်စနစ်နဲ့ လူဦးရေ မှတ်ပုံတင်ခြင်း စီမံကိန်းအတွက် လိုအပ်သော အတိုးမဲ့ ချေးငွေ ယူရို (၃၃)သန်းကို ရယူရေးကိစ္စကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

-ကျော်ဇေယျ