အိႏၵိယ မိုဘိုင္းေစ်းကြက္ကို၂၀၁၈ ဒုတိယ သံုးလပတ္အထိ ႀကီးစိုးထားတဲ့ Samsung နဲ႔ Xiaomi

အေမရိကန္နဲ႔ အျခားေဒသေတြဟာ မိုဘိုင္းသံုးစြဲသူေတြနဲ႔ ျပည့္ႏွက္ေနတာေၾကာင့္ နည္းပညာကုမၸဏီႀကီးေတြက ေစ်းကြက္ရွယ္ယာ ရရိွဖို႔ယွဥ္ၿပိဳင္ရာမွာ အေရးပါတဲ့ စစ္ေျမျပင္သစ္ျဖစ္တဲ့ အိႏၵိယေစ်းကြက္ကို မ်က္စိက်လာပါတယ္။

ဒုတိယသံုးလပတ္မွာ Samsung နဲ႔ Xiaomi တို႔ဟာ အျခားၿပိဳင္ဘက္အားလံုးကို ႀကီးစိုးထားၿပီး ကုမၸဏီတစ္ခုခ်င္းစီက အိႏၵိယႏိုင္ငံဆီ စမတ္ဖုန္း ၉.၉ သန္း တင္ပို႔ေရာင္းခ်ခဲ့တယ္လို႔ Canalys ရဲ႕ ကိန္းဂဏန္းအခ်က္အလက္သစ္ေတြအရ သိရပါတယ္။

Samsung နဲ႔ Xiaomi တို႔ရဲ႕ အိႏၵိယထံ တင္ပို႔ေရာင္းခ်တဲ့ မိုဘိုင္းထုတ္ကုန္စုစုေပါင္း အေရအတြက္ဟာ ၆၀ ရာခိုင္ႏႈန္း ရိွခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္က ၄၃ ရာခိုင္ႏႈန္းထက္ ျမင့္တက္လာတာ ျဖစ္ပါတယ္။ Vivo နဲ႔Oppo ကေတာ့ တတိယနဲ႔ စတုတၳေနရာမွာ ၁၁ ရာခိုင္ႏႈန္းနဲ႔ ၁၀ ရာခိုင္ႏႈန္း အသီးသီးနဲ႔ ရပ္တည္ေနပါတယ္။

Samsung ရဲ႕ အေရာင္းရဆံုး စမတ္ဖုန္းေမာ္ဒယ္က Samsung Galaxy J2 Pro ျဖစ္ပါတယ္။ ဒီဖုန္းကို မူလက အင္တာနက္မသံုးႏိုင္တဲ့ ေတာင္ကိုရီးယားက ေက်ာင္းသားေတြအတြက္ ရည္ရြယ္ျဖန္႔ခ်ိခဲ့တာပါ။ Xiaomi ကေတာ့ Redmi Note 5 ရဲ႕ ဘတ္ဂ်က္ဗားရွင္း တစ္ခုျဖစ္တဲ့ Redmi 5A ၃.၃ သန္း ေရာင္းခ်ခဲ့ရပါတယ္။

ဒီကုမၸဏီႏွစ္ခုစလံုးမွာ ဒုတိယသံုးလပတ္မွာ အလြန္အမင္း တိုးတက္လာတာ ျဖစ္ပါတယ္။ Xiaomi ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒုတိယ သံုးလပတ္က ၁၈ ရာခိုင္ႏႈန္းရိွရာကေန ၃၀ ရာခိုင္နႈန္းအထိ ျမင့္တက္လာတာျဖစ္သလို Samsung က ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း အေကာင္းဆံုး သံုးလပတ္ကို ပိုင္ဆိုင္ခဲ့ပါတယ္။

Apple ကေတာ့ ၿပိဳင္ဘက္ေတြလို မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ အိႏၵိယက သံုးစြဲသူေတြဟာ iPhone အစား ေစ်းသက္သာတဲ့ midrange နဲ႔ low-range ေတြကိုပဲ ေရြးခ်ယ္ၾကတာေၾကာင့္ Apple ဟာ ဒီႏွစ္ ပထမသံုးလပတ္မွာ စာရင္းထဲမပါႏိုင္ခဲ့သလို ဒုတိယသံုးလပတ္ မွာလည္း ကုမၸဏီရဲ႕ ေစ်းကြက္ရွယ္ယာေတြကို တ႐ုတ္ကုမၸဏီေတြျဖစ္တဲ့ Vivo နဲ႔ Oppo တို႔က ေက်ာ္တက္သြားခဲ့ပါတယ္။

ထိုင္ဝမ္အေျခစိုက္ Asus ဟာ ပထမသံုးလပတ္နဲ႔ယွဥ္ရင္ တင္ပို႔ေရာင္းခ်မႈ သံုးဆျမင့္တက္လာခဲ့ပါတယ္။ Apple ရဲ႕ iPhone တင္ပို႔ေရာင္းခ်မႈကေတာ့ ဒုတိယသံုးလပတ္မွာ ၅၀ ရာခိုင္ႏႈန္းခန္႔ က်ဆင္းသြားခဲ့ပါတယ္။

Ref: TheVerge

[ Unicode ]

အမေရိကန်နဲ့ အခြားဒေသတွေဟာ မိုဘိုင်းသုံးစွဲသူတွေနဲ့ ပြည့်နှက်နေတာကြောင့် နည်းပညာကုမ္ပဏီကြီးတွေက စျေးကွက်ရှယ်ယာ ရရှိဖို့ယှဉ်ပြိုင်ရာမှာ အရေးပါတဲ့ စစ်မြေပြင်သစ်ဖြစ်တဲ့ အိန္ဒိယစျေးကွက်ကို မျက်စိကျလာပါတယ်။

ဒုတိယသုံးလပတ်မှာ Samsung နဲ့ Xiaomi တို့ဟာ အခြားပြိုင်ဘက်အားလုံးကို ကြီးစိုးထားပြီး ကုမ္ပဏီတစ်ခုချင်းစီက အိန္ဒိယနိုင်ငံဆီ စမတ်ဖုန်း ၉.၉ သန်း တင်ပို့ရောင်းချခဲ့တယ်လို့ Canalys ရဲ့ ကိန်းဂဏန်းအချက်အလက်သစ်တွေအရ သိရပါတယ်။

Samsung နဲ့ Xiaomi တို့ရဲ့ အိန္ဒိယထံ တင်ပို့ရောင်းချတဲ့ မိုဘိုင်းထုတ်ကုန်စုစုပေါင်း အရေအတွက်ဟာ ၆၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၄၃ ရာခိုင်နှုန်းထက် မြင့်တက်လာတာ ဖြစ်ပါတယ်။ Vivo နဲ့Oppo ကတော့ တတိယနဲ့ စတုတ္ထနေရာမှာ ၁၁ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း အသီးသီးနဲ့ ရပ်တည်နေပါတယ်။

Samsung ရဲ့ အရောင်းရဆုံး စမတ်ဖုန်းမော်ဒယ်က Samsung Galaxy J2 Pro ဖြစ်ပါတယ်။ ဒီဖုန်းကို မူလက အင်တာနက်မသုံးနိုင်တဲ့ တောင်ကိုရီးယားက ကျောင်းသားတွေအတွက် ရည်ရွယ်ဖြန့်ချိခဲ့တာပါ။ Xiaomi ကတော့ Redmi Note 5 ရဲ့ ဘတ်ဂျက်ဗားရှင်း တစ်ခုဖြစ်တဲ့ Redmi 5A ၃.၃ သန်း ရောင်းချခဲ့ရပါတယ်။

ဒီကုမ္ပဏီနှစ်ခုစလုံးမှာ ဒုတိယသုံးလပတ်မှာ အလွန်အမင်း တိုးတက်လာတာ ဖြစ်ပါတယ်။ Xiaomi ဟာ ပြီးခဲ့တဲ့နှစ် ဒုတိယ သုံးလပတ်က ၁၈ ရာခိုင်နှုန်းရှိရာကနေ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်သလို Samsung က ၂၀၁၅ ခုနှစ်နောက်ပိုင်း အကောင်းဆုံး သုံးလပတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

Apple ကတော့ ပြိုင်ဘက်တွေလို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အိန္ဒိယက သုံးစွဲသူတွေဟာ iPhone အစား စျေးသက်သာတဲ့ midrange နဲ့ low-range တွေကိုပဲ ရွေးချယ်ကြတာကြောင့် Apple ဟာ ဒီနှစ် ပထမသုံးလပတ်မှာ စာရင်းထဲမပါနိုင်ခဲ့သလို ဒုတိယသုံးလပတ် မှာလည်း ကုမ္ပဏီရဲ့ စျေးကွက်ရှယ်ယာတွေကို တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Vivo နဲ့ Oppo တို့က ကျော်တက်သွားခဲ့ပါတယ်။

ထိုင်ဝမ်အခြေစိုက် Asus ဟာ ပထမသုံးလပတ်နဲ့ယှဉ်ရင် တင်ပို့ရောင်းချမှု သုံးဆမြင့်တက်လာခဲ့ပါတယ်။ Apple ရဲ့ iPhone တင်ပို့ရောင်းချမှုကတော့ ဒုတိယသုံးလပတ်မှာ ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပါတယ်။

Ref: TheVerge