အိႏၵိယရဲ႕ ဘူတာ ၄၀၀ မွာ အခမဲ့ Wi-Fi ေထာက္ပံ့လိုက္တဲ့ Google

[ Zawgyi ]

Google ဟာ အိႏၵိယက ဘူတာ႐ံုေတြဆီ အမ်ားသံုး Wi-Fi ေထာက္ပံ့ဖို႔အတြက္ Indian Railways, Rail Tel တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္မယ့္ အစီအစဥ္ကို ေၾကညာခဲ့ပါတယ္။

ဒီအစီအစဥ္ရဲ႕ ကနဦးေျခလွမ္းကို ၂၀၁၅ ခုႏွစ္က စတင္ခဲ့တာျဖစ္ၿပီး အခုအခါမွာေတာ့ ဘူတာ႐ံုေပါင္း ၄၀၀ မွာ အခမဲ့အင္တာနက္ကို အသံုးျပဳႏိုင္ၿပီျဖစ္ပါတယ္။ ဒီဝန္ေဆာင္မႈကို လစဥ္ လူ ၈ သန္းက အသံုးျပဳေနတယ္လို႔ Google ဒုဥကၠ႒နဲ႔ Next Billion Users Team အႀကီးအကဲျဖစ္သူ Caesar Sengupta က ေျပာၾကားခဲ့ပါတယ္။

ဒီသမိုင္းမွတ္တိုင္ကို သားျဖစ္သူအတြက္ ပိုေကာင္းတဲ့ ပညာေရးဆိုင္ရာ အေၾကာင္းအရာေတြကို ေထာက္ပံ့ေပးဖို႔အတြက္ အခမဲ့ Wi-Fi သံုးတဲ့ မိခင္တစ္ေယာက္ရဲ႕ ဗီဒီယိုတစ္ခုနဲ႔အတူ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ အဆိုအရ ဗီဒီယိုမွာပါဝင္တဲ့ မိခင္ဆိုသူဟာ session တစ္ခုအတြက္ data 350MB အသံုးျပဳတဲ့သူေတြထဲက တစ္ေယာက္ျဖစ္ၿပီး သံုးစြဲသူထက္ဝက္ေက်ာ္က တစ္ေန႔ကို session ေပါင္း ေျမာက္ျမားစြာ အသံုးျပဳၾကေၾကာင္း Sengupta က ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အစီအစဥ္ကို Google Station လို႔ တရားဝင္အမည္ေပးထားၿပီး မကၠဆီကိုနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြမွာ ခ်ဲ႕ထြင္ေဆာင္ရြက္လ်က္ ရိွပါတယ္။ လက္ရိွမွာ သံုးစြဲသူေတြက ေၾကာ္ျငာပါတဲ့ ျမန္ႏႈန္းျမင့္ data ကို မိနစ္ ၃၀ အခမဲ့ အသံုးျပဳႏုိင္ပါတယ္။ တကယ္လို႔ သံုးစြဲသူေတြက ၂၄ နာရီဆက္တိုက္ အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ ၁၉ ႐ူပီး (၀.၃၀ ေဒၚလာ) ေပးရမွာျဖစ္ပါတယ္။ ေၾကာ္ျငာမပါဘဲ တစ္ပတ္အၾကာသံုးခ်င္ရင္ေတာ့ ၁၄၉ ႐ူပီး (၂.၂၅ ေဒၚလာ) က်သင့္မွာျဖစ္ပါတယ္။

Google Station အစီအစဥ္ဟာ မၿပီးဆံုးေသးဘဲ အျခားဘူတာ႐ံုေတြမွာလည္း တိုးခ်ဲ႕ေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

Google ဟာ အိန္ဒိယက ဘူတာရုံတွေဆီ အများသုံး Wi-Fi ထောက်ပံ့ဖို့အတွက် Indian Railways, Rail Tel တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ဒီအစီအစဉ်ရဲ့ ကနဦးခြေလှမ်းကို ၂၀၁၅ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဘူတာရုံပေါင်း ၄၀၀ မှာ အခမဲ့အင်တာနက်ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို လစဉ် လူ ၈ သန်းက အသုံးပြုနေတယ်လို့ Google ဒုဥက္ကဋ္ဌနဲ့ Next Billion Users Team အကြီးအကဲဖြစ်သူ Caesar Sengupta က ပြောကြားခဲ့ပါတယ်။

ဒီသမိုင်းမှတ်တိုင်ကို သားဖြစ်သူအတွက် ပိုကောင်းတဲ့ ပညာရေးဆိုင်ရာ အကြောင်းအရာတွေကို ထောက်ပံ့ပေးဖို့အတွက် အခမဲ့ Wi-Fi သုံးတဲ့ မိခင်တစ်ယောက်ရဲ့ ဗီဒီယိုတစ်ခုနဲ့အတူ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုအရ ဗီဒီယိုမှာပါဝင်တဲ့ မိခင်ဆိုသူဟာ session တစ်ခုအတွက် data 350MB အသုံးပြုတဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး သုံးစွဲသူထက်ဝက်ကျော်က တစ်နေ့ကို session ပေါင်း မြောက်မြားစွာ အသုံးပြုကြကြောင်း Sengupta က ပြောကြားခဲ့ပါတယ်။

အဆိုပါ အစီအစဉ်ကို Google Station လို့ တရားဝင်အမည်ပေးထားပြီး မက္ကဆီကိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ချဲ့ထွင်ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိမှာ သုံးစွဲသူတွေက ကြော်ငြာပါတဲ့ မြန်နှုန်းမြင့် data ကို မိနစ် ၃၀ အခမဲ့ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သုံးစွဲသူတွေက ၂၄ နာရီဆက်တိုက် အသုံးပြုချင်တယ်ဆိုရင်တော့ ၁၉ ရူပီး (၀.၃၀ ဒေါ်လာ) ပေးရမှာဖြစ်ပါတယ်။ ကြော်ငြာမပါဘဲ တစ်ပတ်အကြာသုံးချင်ရင်တော့ ၁၄၉ ရူပီး (၂.၂၅ ဒေါ်လာ) ကျသင့်မှာဖြစ်ပါတယ်။

Google Station အစီအစဉ်ဟာ မပြီးဆုံးသေးဘဲ အခြားဘူတာရုံတွေမှာလည်း တိုးချဲ့ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena