အိန္ဒိယမှာ iPhone 7 ကို Apple စတင်ထုတ်လုပ်

Apple ဟာ အိန္ဒိယနိုင်ငံအတွင်း ဈေးကွက်ဝေစုတချို့ရရှိဖို့ iPhone 6s နဲ့ iPhone SE လိုမျိုး ထုတ်ကုန်တွေကို ထုတ်လုပ်နေပါတယ်။ အိန္ဒိယရဲ့ ဒေသတွင်း ထုတ်လုပ်သူ Wistron ဟာ “Make in India” အစီအစဉ်အဖြစ် iPhone 7 ထုတ်လုပ်မှုကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။

Apple ဟာ အိန္ဒိယမှာ ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ iPhone 7 ကို ဒေါ်လာ ၅၅၀ နဲ့ ရောင်းချသွားမှာဖြစ်ပြီး ရောင်းချမှုနဲ့ ဈေးကွက်ရှာဖွေရေးကို အပြင်းအထန် ပြုလုပ်ဖွယ်ရှိပါတယ်။

Wistron ဟာ ဘန်ဂယ်လူရှု အာဏာပိုင်တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ ဒေါ်လာ ၇၂၂ သန်း ရင်းနှီးမြှုပ်နှံမှုအစိတ်အပိုင်းအဖြစ် အခုထုတ်လုပ်မှုကို တိုးချဲ့လိုက်တာ ဖြစ်ပါတယ်။ iPhone 8 နဲ့ AirPods လိုမျိုး ထုတ်ကုန်တွေကလည်း “Make in India” အစီအစဉ် ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ Foxconn ကလည်း Apple flagship ထုတ်ကုန်တွေကို ထုတ်လုပ်လာနိုင်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena