အိန္ဒိယမှာ ထုတ်လုပ်မယ့် Apple ရဲ့ပထမဆုံး ထုတ်ကုန်က iPhone SE ဖြစ်ဖွယ်ရှိ

Apple ဟာ အိန္ဒိယတောင်ပိုင်း Bangalore မြို့က စက်ရုံမှာ iPhone SE ထုတ်လုပ်မှုကို လအနည်းငယ်အတွင်း စတင်ဖို့ပြင်ဆင် နေတယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။

Cupertino အခြေစိုက် ကုမ္ပဏီဟာ ထိုင်ဝမ်ကုမ္ပဏီ Wistron က စီမံထိန်းချုပ်မယ့် စက်ရုံကနေ iPhone SE အလုံးရေ ၃၀၀,၀၀၀ ကနေ ၄၀၀,၀၀၀ ကြား ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ Economic Times က ဒီနေ့အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ကုမ္ပဏီရဲ့ India County ဒါရိုက်တာ Sudipto Gupta က အဲ့ဒီအစီအစဉ်တွေကို မသိရှိဘူးလို့ ပြောကြားထားပါတယ်။

iPhone SE ဟာ ဈေးသက်သာတဲ့ မော်ဒယ်ဖြစ်တာကြောင့် အိန္ဒိယစက်ရုံလည်ပတ်မှုကို iPhone SE နဲ့ စတင်မယ့် အစီအစဉ်က ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ iPhone SE မှာ A9 processor, ၄ လက်မ Retina display နဲ့ 4K ဗီဒီယိုရိုက်နိုင်မယ့် 12-megapixel ကင်မရာတို့ ပါဝင်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Apple နဲ့ Wistron တို့က တုံ့ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။

Ref: TheNextWeb