အိန္ဒိယတွင် နှစ်ရက်အတွင်း Xiaomi စမတ်ဖုန်း ၁ သန်းကျော် ရောင်းချခဲ့ရ

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ အိန္ဒိယနိုင်ငံမှာ ၄၈ နာရီအတွင်း စမတ်ဖုန်း ၁ သန်းကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီစမတ်ဖုန်းတွေကို Big Billion Days လို့ခေါ်တဲ့ အွန်လိုင်းဈေးရောင်းပွဲတော်အတွင်း Flipkart နဲ့ Amazon India တို့ကနေတစ်ဆင့် ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ပွဲတော်ကာလ ရောင်းချမှုနှုန်းဟာ သိသိသာသာ မြင့်တက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စမတ်ဖုန်း ၁ သန်း ရောင်းချရန်အတွက် ၁၈ ရက် ကြာမြင့်ခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။


Flipkart ရဲ့ အရောင်းရဆုံး စမတ်ဖုန်းက Xiaomi Redmi Note 4 ဖြစ်ပြီး Amazon India မှာတော့ Redmi 4 နဲ့ Redmi 4A တို့က အရောင်းရဆုံး စမတ်ဖုန်းများအဖြစ် ရပ်တည်ခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena