အိႏိၵယႏိုင္ငံ ITEC/TCS Program (2018-2019) ပညာသင္ဆုအတြက္ ေလွ်ာက္ထားႏိုင္

[ Zawgyi ]

အိႏိၵယႏိုင္ငံ Ministry of External Affairs ကေန ၂၀၁၈-၂၀၁၉ ခုႏွစ္ ပညာသင္ႏွစ္ ITEC/TCS Program အတြက္ ကာလတို/ ကာလရွည္ ပညာသင္ဆုေလွ်ာက္လႊာမ်ား ေခၚယူေနၿပီလုိ႔ ကုန္သည္စက္မႈအသင္းခ်ဳပ္က သိရပါတယ္။

ေလွ်ာက္ထားလိုသူေတြအေနနဲ႔ သတ္မွတ္အရည္အခ်င္းေတြနဲ႔ ကိုက္ညီတဲ့ အသင္းခ်ဳပ္ CEC/EC မ်ား၊ ဝန္ထမ္းမ်ား၊ ညီေနာင္အသင္းမ်ားမွ ၀န္ထမ္းမ်ား၊ ကုန္သည္စက္မႈအသင္းခ်ဳပ္ အသင္း၀င္ကုမၸဏီမ်ားရဲ႕ အဖြဲ႕၀င္မ်ား (သို႔) ၀န္ထမ္းမ်ားမွ သက္ဆိုင္ရာဝန္ႀကီးဌာန၊ အဖြဲ႕အစည္း ခြင့္ျပဳခ်က္နဲ႔ေလွ်ာက္ထားႏိုင္ပါတယ္။

ပညာသင္ဆုေလွ်ာက္ထားရန္ စိတ္ပါဝင္စားသူေတြ အေနနဲ႔ ဒီေနရာမွာ ဝင္ေရာက္ေလ့လာႏိုင္သလို ဒီေနရာမွာ အသင္းခ်ဳပ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ ခြင့္ျပဳခ်က္ရယူလိုပါက အသင္းခ်ဳပ္၊ အမႈေဆာင္ အရာရွိခ်ဳပ္ထံ လိပ္မူၿပီး ကိုယ္တိုင္ေရးေလွ်ာက္လႊာ ၁ ေစာင္၊ ဓာတ္ပံုအသင္းဝင္ကတ္မိတၱဴ၊ မွတ္ပံုတင္မိတၱဴတို႔ကို ပူးတြဲကာ အသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ားမွ အမႈေဆာင္/ဝန္ထမ္း၊ အသင္းခ်ဳပ္ရဲ႕ အသင္းဝင္ကုမၸဏီမ်ားမွ အဖြဲ႔ဝင္ (သို႔) ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာ စတာေတြနဲ႔အတူ မိမိတို႔ရဲ႕ ဘာသာရပ္နဲ႔သက္ဆိုင္တဲ့ သင္တန္းမ်ားကို ေလွ်ာက္ထားရမွာျဖစ္တယ္လို႔ သိရပါတယ္။

သတ္မွတ္ေလွ်ာက္လႊာေတြကို သင္တန္းမစမီ ၂ လ ႀကိဳတင္ၿပီး အသင္းခ်ဳပ္၊ HRD ဌာနသို႔ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အေသးစိတ္ သိရွိလိုပါက HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄- ၄၉၊ လိုင္းခြဲ ၁၃၃၊ ၁၃၄ သို႔ ဆက္သြယ္ စံုစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

အိန္ဒိယနိုင်ငံ Ministry of External Affairs ကနေ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ် ITEC/TCS Program အတွက် ကာလတို/ ကာလရှည် ပညာသင်ဆုလျှောက်လွှာများ ခေါ်ယူနေပြီလို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ အသင်းချုပ် CEC/EC များ၊ ၀န်ထမ်း များ၊ ညီနောင်အသင်းများမှ ၀န်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများရဲ့ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများမှ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း ခွင့်ပြုချက်နဲ့လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုလျှောက်ထားရန် စိတ်ပါဝင်စားသူတွေ အနေနဲ့ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်သလို ဒီနေရာမှာ အသင်းချုပ်ရဲ့ ခွင့်ပြုချက်နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရယူလိုပါက အသင်းချုပ်၊ အမှုဆောင် အရာရှိချုပ်ထံ လိပ်မူပြီး ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ ဓာတ်ပုံအသင်းဝင်ကတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲကာ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းချုပ်ရဲ့ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ စတာတွေနဲ့အတူ မိမိတို့ရဲ့ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ သင်တန်းများကို လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

သတ်မှတ်လျှောက်လွှာတွေကို သင်တန်းမစမီ ၂ လ ကြိုတင်ပြီး အသင်းချုပ်၊ HRD ဌာနသို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ အသေးစိတ် သိရှိလိုပါက HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄- ၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ဝေဝေ