အိုလံပစ္ၿပိဳင္ပြဲအမီ ေမာင္းသူမဲ့ကားစနစ္ကို အေကာင္အထည္ေဖာ္ဖို႔ ဂ်ပန္ေဆာင္ရြက္ေန

[ Zawgyi ]

ဂ်ပန္ႏိုင္ငံဟာ ဒီႏွစ္ဘ႑ာေရးႏွစ္အတြင္း အမ်ားျပည္သူလမ္းမေတြမွာ ေမာင္းသူမဲ့ကားစနစ္ကုိ စမ္းသပ္သြားဖုိ႔ တြန္းအားေပးေနပါတယ္။

အဲဒီအစီအစဥ္ကို တနလၤာေန႔မွာ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအေဘး သဘာပတိအျဖစ္ တာဝန္ယူတဲ့ အစိုးရနညး္ဗ်ဴဟာျပန္လည္သုံးသပ္ေရး သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ Reuters ကေဖာ္ျပခဲ့ပါတယ္။ ၂၀၂၀ခုႏွစ္ တိုက်ိဳမွာ အုိလံပစ္အားကစားပြဲ ျပဳလုပ္တဲ့အခါ ေမာင္းသူမဲ့ကားဝန္ေဆာင္မႈကို အမ်ားျပည္သူေတြအတြက္ ေထာက္ပံ့ေပးသြားဖို႔ အစုိးရက ရည္မွန္းလုပ္ကုိင္ေနပါတယ္။

အိုလံပစ္ပြဲအၿပီးမွာ ဂ်ပန္အစိုးရအေနနဲ႔ ၂၀၂၂ခုႏွစ္အေရာက္မွာ ေမာင္းသူမဲ့ကားစနစ္ကို စီးပြားျဖစ္ဝန္ေဆာင္မႈအျဖစ္ လုပ္ကုိင္သြားမွာ ျဖစ္ပါတယ္။

ဂ်ပန္ေကာ္ပိုေရးရွင္းတစ္ခုျဖစ္တဲ့ SoftBank Group ဟာေမာင္းသူမဲ့ကားထုတ္လုပ္ဖို႔အတြက္ General Motors နဲ႔ပူးေပါင္းထားပါတယ္။ SoftBank ဟာ General Motors ရဲ႕ေမာင္းသူမဲ့နည္းပညာဌာန GM Cruise Holdings မွာေဒၚလာ ၂.၂၅ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံထားပါေသးတယ္။

အေမရိကန္ႏို္င္ငံမွာေတာ့ အမ်ားျပည္သူေတြအတြက္ ေမာင္းသူမဲ့ကားေတြကုိ ေထာက္ပံ့ေပးဖို႔ သယ္ယူပုိ႔ေဆာင္ေရး ကုမၸဏီေတြအတြက္ ယာဥ္ေမာင္းအစီအစဥ္ ၂ခုကို ကယ္လီဖိုးနီးယားအားဏာပုိင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

ဂျပန်နိုင်ငံဟာ ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်း အများပြည်သူလမ်းမတွေမှာ မောင်းသူမဲ့ကားစနစ်ကို စမ်းသပ်သွားဖို့ တွန်းအားပေးနေပါတယ်။

အဲဒီအစီအစဉ်ကို တနင်္လာနေ့မှာ ဝန်ကြီးချုပ်ရှင်ဇိုအဘေး သဘာပတိအဖြစ် တာဝန်ယူတဲ့ အစိုးရနညး်ဗျူဟာပြန်လည်သုံးသပ်ရေး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Reuters ကဖော်ပြခဲ့ပါတယ်။ ၂၀၂၀ခုနှစ် တိုကျိုမှာ အိုလံပစ်အားကစားပွဲ ပြုလုပ်တဲ့အခါ မောင်းသူမဲ့ကားဝန်ဆောင်မှုကို အများပြည်သူတွေအတွက် ထောက်ပံ့ပေးသွားဖို့ အစိုးရက ရည်မှန်းလုပ်ကိုင်နေပါတယ်။

အိုလံပစ်ပွဲအပြီးမှာ ဂျပန်အစိုးရအနေနဲ့ ၂၀၂၂ခုနှစ်အရောက်မှာ မောင်းသူမဲ့ကားစနစ်ကို စီးပွားဖြစ်ဝန်ဆောင်မှုအဖြစ် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ဂျပန်ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ SoftBank Group ဟာမောင်းသူမဲ့ကားထုတ်လုပ်ဖို့အတွက် General Motors နဲ့ပူးပေါင်းထားပါတယ်။ SoftBank ဟာ General Motors ရဲ့မောင်းသူမဲ့နည်းပညာဌာန GM Cruise Holdings မှာဒေါ်လာ ၂.၂၅ဘီလျံ ရင်းနှီးမြှုပ်နှံထားပါသေးတယ်။

အမေရိကန်နို်င်ငံမှာတော့ အများပြည်သူတွေအတွက် မောင်းသူမဲ့ကားတွေကို ထောက်ပံ့ပေးဖို့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေအတွက် ယာဉ်မောင်းအစီအစဉ် ၂ခုကို ကယ်လီဖိုးနီးယားအားဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

စိုးထက်
Ref: CNET