အိုဘားမား၊ လေဒီဂါဂါတို့ပါဝင်ခဲ့တဲ့ YouTube ဘွဲ့နှင်းသဘင်ပွဲ ဂုဏ်ပြုဗီဒီယို

YouTube က အွန်လိုင်းကနေ ပြုလုပ်မယ့် ဘွဲ့နှင်းသဘင်အခမ်းအနား ကို ဇွန် ၆ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သေဆုံးသူ ဂျော့ဖလွိုက်အောက်မေ့သတိရဖွယ် အခမ်းအနားကြောင့် ဇွန် ၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

“Dear Class of 2020” ပွဲမှာ ဘားရတ်အိုဘားမားနဲ့ မီရှယ်အိုဘားမား၊ BTS နဲ့ လေဒီဂါဂါနဲ့အတူ Google စီအီးအို ဆန်းဒါးပီချိုင်းနဲ့ တက်ကြွလှုပ်ရှားသူ မာလာလာယူဆွတ်ဇိုင်တို့ ပါဝင်ခဲ့ပါတယ်။ ကိုရိုဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် လူစုလူဝေးစုစည်းမှုကို ကန့်သတ်ထားတာကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းက ကျောင်းတွေက အွန်လိုင်းဘွဲ့နှင်းသဘင်ကို ကျင်းပနေကြပါတယ်။

Dear Class of 2020 ကို https://bit.ly/30kyTXa ဒီလင့်ခ်မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

စိုးထက်
Ref: CNET