အိုင်ပေ့မှ သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

အိုင်ပေ့စ်ရဲ့ သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းအတွက် လျှောက်လွှာခေါ်ယူလျက်ရှိပါတယ်။

သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် မှ မတ်လ ၂၆ ရက် ခြောက်ပတ် အထိ ကြာမြင့်မယ့် သင်တန်းဖြစ်ပြီး အောက်ပါ သင်တန်းခြောက်ခုကို အိုင်ပေ့စ်ရန်ကုန်နဲ့ အိုင်ပေ့စ်မန္တလေးတို့မှ အွန်းလိုင်းမှတစ်ဆင့် ပူးတွဲသင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို ဆန့်ကျင်သော အသိပညာပေးစည်းရုံးလှုံ့ဆော်ခြင်းဆိုင်ရာသင်တန်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံများသင်တန်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအတွက် မီဒီယာပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းမှုသင်တန်း၊ အပြောင်းအလဲအတွက် မဟာဗျူဟာကျ အစီအစဉ်ရေးဆွဲခြင်းသင်တန်း၊ ပြည်သူ့ရေးရာ ပညာပေးသူများအတွက် ဆရာဖြစ်သင်တန်း၊ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်း တွေပဲ ဖြစ်ပါတယ်။
လျှောက်လွှာတွေကို အွန်လိုင်းမှ တစ်ဆင့်သာ လက်ခံသွားမှာဖြစ်ပြီး https://docs.google.com/…/1FAIpQLSfDaFxO6P…/viewform… မှရယူနိုင်ပါတယ်။

လျှောက်လွှာတွေကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်ကို ipace.application@worldlearning.org, Facebook Messenger (သို့) ဖုန်း ၀၉၇-၆၂၆၂-၈၈၀၀ နဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««