အိုင်ပေ့စ်မှ သင်တန်းအမှတ်စဉ် ၄/၂၀၂၀ အတွက် သင်တန်းလျှောက်လွှာများ လျှောက်ထားနိုင်

iPEACE သင်တန်းအပတ်စဉ် (၄/၂၀၂၀) အတွက် သင်တန်းလျှောက်လွှာတွေ လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

နို၀င်ဘာ ၁၆ ရက် မှ ဒီဇင်ဘာ ၁၁ ရက် အထိ ကြာမြင့်မယ့် သင်တန်းဖြစ်ပြီး သင်တန်းငါးခုကို အိုင်ပေ့စ်ရန်ကုန်နဲ့ အိုင်ပေ့စ်မန္တလေးတို့မှ အွန်လိုင်းကနေတစ်ဆင့် ပူးတွဲသင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

ပြည်သူ့ရေးရာပညာရေးသင်တန်း၊ ဗဟိုဝါဒနှင့်အုပ်ချုပ်မှုသင်တန်း၊ နိုင်ငံရေးအကူးအပြောင်းများကို လေ့လာခြင်းသင်တန်း၊ အပြောင်းအလဲအတွက် ခေါင်းဆောင်မှုသင်တန်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအတွက် အဖွဲ့အစည်းတိုးတက်ရေးသင်တန်းတွေပဲ ဖြစ်ပါတယ်။ အိုင်ပေ့စ်သင်တန်းလျှောက်လွှာများတင်ရန် Google Form ကို https://bit.ly/2HvKc7H မှာ ရယူနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ်ကို အိုင်ပေ့စ်အဖွဲ့ ရဲ့ အီးမေးလ် [email protected], Facebook Messenger (သို့) ဖုန်း ၀၉၇-၆၂၆၂-၈၈၀၀ နဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««