အိုင်တီနယ်ပယ်ကို စိတ်ဝင်စားသူများ အတွက် “KMUC IT Week 2020” ကျင်းပမည်

Kaplan Myanmar University College “KMUC IT Week 2020” Virtual Event ကို အောက်တိုဘာ ၂၆ ရက် မှ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်း အပြီး ကိုယ်လျှောက်မယ့် လမ်းကြောင်းကို ရွေးချယ်တော့မယ့် လူငယ်တွေ၊ IT နယ်ပယ်ကိုမှ ရင်ခုန်ပါတယ် ဆိုတဲ့ လူငယ်တွေ၊ HND, NCC ပြီးထားပြီးတဲ့ လူငယ်တွေ၊ IT Fresh Graduates တွေအတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး Career ပိုင်းတွေမှာ ဘယ်လို အခွင့်အလမ်းတွေ ရှိနေပြီလဲ၊ ဒီ အခွင့်အလမ်းတွေကို လက်လှမ်းမီဖို့ ကိုယ့်ဘက်က ဘာတွေ ဖြည့်ဆည်းထားဖို့ လိုအပ်မလဲ၊ ကျောင်းပြီးတာနဲ့ Career လမ်းကြောင်းကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို “KMUC IT Week 2020” မှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

IT Week မှာ ပြည်တွင်းက အောင်မြင်တဲ့ နည်းပညာလုပ်ငန်းရှင် လူငယ်တွေဖြစ်တဲ့ ကိုစိုင်းတင်မင်းလူ (CEO of Legend Myanmar Technology), ကို မြတ်မင်းစိုး (CEO of DevHouse Myanmar), ကို ရဲမျိုးသူ (Senior Security Consultant at NEX4 ICT Solution), ကို Ravi (CEO of Yangon Innovation Centre & Founder of Myanmar Innovation Academy) တို့က ပါဝင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပေးသွားမယ့် အဓိက အကြောင်းအရာတွေကတော့ အောက်တိုဘာ ၂၆ ရက်မှာ Pathways to IT Professions, အောက်တိုဘာ ၂၇ ရက်တွင် Programming Careers, အောက်တိုဘာ ၂၈ ရက်မှာ Cyber Security Careers, အောက်တိုဘာ ၂၉ ရက်မှာ Digital Careers: Jobs that Scale, အောက်တိုဘာ ၃၀ ရက်မှာ “Careers in Technology”- Group Panel Discussion တွေပဲဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/spSmXaz6Ujf72FYb6 မှာ ဝင်ရောက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««