အိုင္တီနည္းပညာျဖင့္ အသက္ေမြးဝမ္းေၾကာင္း ျပဳသူမ်ားအတြက္ Data Centre သင္တန္းဖြင့္မည္

[ Zawgyi ]

ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာပညာရွင္အသင္းနဲ႔ Hitachi Company တို႔ပူးေပါင္းကာ Data Centre သင္တန္းဖြင့္မယ္လို႔ သိရပါတယ္။

အိုင္တီနည္းပညာနဲ႔ အသက္ေမြးဝမ္းေၾကာင္း ျပဳသူေတြအတြက္ ဖြင့္တာျဖစ္ေၾကာင္း၊ ၾသဂုတ္ လ ၁၆ နဲ႔ ၁၇ ရက္ေတြမွာ ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္းသိရပါတယ္။ နည္းပညာေျပာင္းလဲ တိုးတက္လာမႈ အေျခအေနအရ ျမန္မာႏိုင္ငံတြင္း Data Centre နဲ႔ပတ္သက္တဲ့ နည္းပညာေတြ က်ယ္ျပန္႔တိုးတက္ လာေစဖို႔အတြက္ ရည္ရြယ္ကာျပဳလုပ္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ အဲဒီသင္တန္းမွာ Data Centre နဲ႔ ပတ္သက္တဲ့ အေျခခံအေၾကာင္းအရာျဖစ္တဲ့ Basic Data Centre, Components of Data Centre Facility စတဲ့ အေၾကာင္းအရာေတြကို နည္းျပဆရာ Mr.Satoshi Yokomoto (Hitachi) က သင္ၾကားမွာျဖစ္ေၾကာင္း သိရပါတယ္။

သင္တန္းသားဦးေရ ကန္႔သတ္ထားေၾကာင္း၊ MCPA Member ဝင္ေတြတက္ေရာက္ပါက သင္တန္းေၾကး အနည္းငယ္ သက္သာခြင့္ရွိေၾကာင္း၊ သင္တန္းေၾကး ေလးေသာင္းက်ပ္ က်သင့္မွာျဖစ္ ကာ နံနက္ ၁၀ နာရီကေန ေနလည္ ၁၂ နာရီအထိ တက္ေရာက္ရမွာျဖစ္ေၾကာင္း သိရပါတယ္။ တက္ေရာက္လိုသူေတြအေနနဲ႔ ၾသဂုတ္လ ၁၃ ရက္ ညေန ၄ နာရီ ေနာက္ဆံုးထားကာ MICT Park ထဲက MCPA ႐ံုးခန္းမွာ လာေရာက္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ Hitachi Company တို့ပူးပေါင်းကာ Data Centre သင်တန်းဖွင့်မယ်လို့ သိရပါတယ်။

အိုင်တီနည်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုသူတွေအတွက် ဖွင့်တာဖြစ်ကြောင်း၊ သြဂုတ် လ ၁၆ နဲ့ ၁၇ ရက်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ နည်းပညာပြောင်းလဲ တိုးတက်လာမှု အခြေအနေအရ မြန်မာနိုင်ငံတွင်း Data Centre နဲ့ပတ်သက်တဲ့ နည်းပညာတွေ ကျယ်ပြန့်တိုးတက် လာစေဖို့အတွက် ရည်ရွယ်ကာပြုလုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲဒီသင်တန်းမှာ Data Centre နဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းအရာဖြစ်တဲ့ Basic Data Centre, Components of Data Centre Facility စတဲ့ အကြောင်းအရာတွေကို နည်းပြဆရာ Mr.Satoshi Yokomoto (Hitachi) က သင်ကြားမှာဖြစ်ကြောင်း သိရပါတယ်။

သင်တန်းသားဦးရေ ကန့်သတ်ထားကြောင်း၊ MCPA Member ဝင်တွေတက်ရောက်ပါက သင်တန်းကြေး အနည်းငယ် သက်သာခွင့်ရှိကြောင်း၊ သင်တန်းကြေး လေးသောင်းကျပ် ကျသင့်မှာဖြစ် ကာ နံနက် ၁၀ နာရီကနေ နေလည် ၁၂ နာရီအထိ တက်ရောက်ရမှာဖြစ်ကြောင်း သိရပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ သြဂုတ်လ ၁၃ ရက် ညနေ ၄ နာရီ နောက်ဆုံးထားကာ MICT Park ထဲက MCPA ရုံးခန်းမှာ လာရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

-ထွန်းထွန်း