အိုင္စီတီအေျခခံ အေဆာက္အဦႏွင့္ အေထာက္အကူျပဳ အစီအမံမ်ား ျပည့္စံုေရးေဆာင္ရြက္ေနဟုဆို

[ Zawgyi ]

အိုင္စီတီအေျခခံအေဆာက္အဦနဲ႔ အေထာက္အကူျပဳအစီအမံေတြျပည့္စံုေရးကိုေဆာင္ရြက္ေနတယ္ လို႔ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး စတုတၳေန႔က်င္းပရာကေန သိရပါတယ္။

ပြင့္လင္းေသာ အစိုးရအဖြဲဝင္ (Open Government Partnership) ျဖစ္ေရး ဆက္လက္အေကာင္ အထည္ေဖာ္ေဆာင္ရန္ အစီအစဥ္ ရွိ/မရွိ ေမးခြန္းနဲ႔ စပ္လ်ဥ္းၿပီး နိုင္ငံေတာ္အတိုင္ပင္ခံ ႐ုံးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္တင္က ေျပာၾကားရာမွာ ထည့္သြင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာ e-Government စနစ္ေအာင္ျမင္စြာ အေကာင္အထည္ ေဖာ္ေဆာင္ရြက္နိုင္ေရးအတြက္ လက္ရွိအစိုးရအေနနဲ႔ e-Government ဦးေဆာင္ေကာ္မတီႏွင့္ အေကာင္အထည္ေဖာ္ေရးလုပ္ ငန္းေကာ္မတီတို႔ကို နိုင္ငံေတာ္ သမၼတ႐ုံးရဲ႕အမိန႔္ေၾကာ္ျငာစာအမွတ္ ၁၄/၂၀၁၈ျဖင့္ ဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။

မူဝါဒ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေရး၊ ဦးစားေပးစီမံကိန္းသတ္မွတ္ေရး၊ ဝန္ေဆာင္မႈ အဆင္ေျပ ရန္ ICT အေျခခံ အေဆာက္အဦနဲ႔ အေထာက္အကူျပဳ အစီအမံမ်ား ျပည့္စုံေရးတို႔ကို ေဆာင္ရြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

-ထြန္းထြန္း

[ Unicode ]

အိုင်စီတီအခြေခံအဆောက်အဦနဲ့ အထောက်အကူပြုအစီအမံတွေပြည့်စုံရေးကိုဆောင်ရွက်နေတယ် လို့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပရာကနေ သိရပါတယ်။

ပွင့်လင်းသော အစိုးရအဖွဲဝင် (Open Government Partnership) ဖြစ်ရေး ဆက်လက်အကောင် အထည်ဖော်ဆောင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ e-Government စနစ်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိအစိုးရအနေနဲ့ e-Government ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ရေးလုပ် ငန်းကော်မတီတို့ကို နိုင်ငံတော် သမ္မတရုံးရဲ့အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

မူဝါဒ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ဦးစားပေးစီမံကိန်းသတ်မှတ်ရေး၊ ဝန်ဆောင်မှု အဆင်ပြေ ရန် ICT အခြေခံ အဆောက်အဦနဲ့ အထောက်အကူပြု အစီအမံများ ပြည့်စုံရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။