အိအုချိ ပညာသင်ဆုအကြောင်း အွန်လိုင်းမှ အတွေ့အကြုံမျှဝေပေးမည်

အိအုချိ ပညာသင်ဆုအကြောင်းကို ပညာသင်ဆုရ ကျောင်းသားမှ အတွေ့အကြုံမျှဝေပေးမယ့် Sharing Online Seminar ကို စက်တင်ဘာ ၁၂ ရက်၊ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအထိ Zoom Application မှ တစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Iuchi Full Scholarship ကျောင်းသားအဖြစ် ၂၀၁၇ ခုနှစ် 4th Batch မှာရွေးချယ်ခံခဲ့ရပြီး ဂျပန်ရဲ့ နာမည်ကြီးတက္ကသိုလ်ထဲက တစ်ခုဖြစ်တဲ့ Ritsumeikan University မှာ တက်ရောက် ပညာသင်ကြားလျက်ရှိသော မောင်သျှင်းခန့် မှ အတွေ့အကြုံတွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ မြဂျပန်စာသင်ကျောင်းရဲ့ Founder ဖြစ်သူ Dr. Nang Mya Kay Khaing မှ ” Iuchi Full Scholarship အကြောင်း အကျဥ်းချူပ်” ကို ဟောပြောဆွေးနွေးခြင်း၊ မောင်သျှင်းခန့် မှ ”Iuchi Full Scholarship ရ ကျောင်းသားအတွေ့အကြုံ ” ခေါင်းစဥ်ဖြင့် အတွေ့အကြုံ Sharing လုပ်ပေးခြင်း၊ မေးခွန်းလွှာကောက်ခံမယ့်ကဏ္ဍ နဲ့ Question & Answer ကဏ္ဍတွေ ပါဝင်မှာဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ https://forms.gle/w3Sc9jMG3aeWfyc88 မှာ စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်ကို ဖုန်း – ၀၉၂၆၃၆၈၆၆၅၁ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««