အိအုချိ ပညာတော်သင်ထောက်ပံ့ကြေးအတွက် လျှောက်လွှာခေါ်ယူ

အိအုချိပညာတော်သင်ထောက်ပံ့ကြေးအတွက် လျှောက်လွှာတွေကို စက်တင်ဘာ ၁၉ ရက် မှ စက်တင်ဘာ ၃၀ ရက်အထိ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

သတ်မှတ်ကာလအတွင်း စာရွက်စာတမ်းတွေကို PDF ဖိုင်နဲ့ မြန်မာဂျပန်စာသင်ကျောင်းအီးမေးလ်သို့ မေးလ်ပို့ရမှာဖြစ်ပြီး Messenger Video နဲ့ စာရွက်စာတမ်းစိစစ်ခြင်းကို ပြုလုပ်မှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေဟာ အခြေခံအားဖြင့် ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် မှ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အတွင်း မွေးဖွားသူတွေဖြစ်ရမှာ ဖြစ်ပြီး အခြေခံအားဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ သို့မဟုတ် ၂၀၂၀ ခုနှစ် မတ်လမှာ ဂျပန်နိုင်ငံအထက်တန်းကျောင်းနဲ့ ညီမျှတဲ့ အတန်းကျောင်း (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) အောင်မြင်ပြီးသူ တွေဖြစ်ရမှာပါ။ ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၆ ဘာသာ စုစုပေါင်းရမှတ် (၄၉၀) မှတ်နဲ့အထက် ရရှိထားသူ (ရနိုင်ခြေရှိသူ) ဖြစ်ရမှာ ဖြစ်ပါတယ်။

အိအုချိ ပညာတော်သင်ထောက်ပံ့ကြေးဖောင်ဒေးရှင်းရဲ့ ပညာတော်သင်ထောက်ပံ့ကြေးဟာ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်တွေမှာ တက္ကသိုလ်ဘွဲ့ အတွက် နိုင်ငံခြားသားပညာတော်သင် အဖြစ် ပညာသင်ယူရန်နဲ့ Japan Student Services Organization (JASSO) ရဲ့ ဂျပန်စာသင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ Osaka Japanese Language Education Center မှာ ဂျပန်စာသင်ကြားလိုတဲ့ သူတွေအတွက် ဖြစ်ပါတယ်။

အသေးစိတ်ကို https://u.pcloud.link/publink/show မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

-သန္တာ