အိအုခ်ိပညာေတာ္သင္ေထာက္ပံ့ေၾကးေဖာင္ေဒးရွင္း ဧၿပီလအတြက္ ေလွ်ာက္လႊာေခၚယူ

[Zawgyi]

အိအုခ်ိပညာေတာ္သင္ေထာက္ပံ့ေၾကးေဖာင္ေဒးရွင္းမွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ အတြက္ ပညာေတာ္သင္ေက်ာင္းသားမ်ား ပဥၥမအသုတ္ အျဖစ္ ေလွ်ာက္လႊာေခၚယူေနေၾကာင္းသိရပါတယ္။

ဂ်ပန္ႏိုင္ငံရွိ တကၠသိုလ္မ်ားမွာ တကၠသိုလ္ဘဲြ႔အတြက္ ႏုိင္ငံျခားပညာေတာ္သင္အျဖစ္ ပညာသင္ယူႏုိင္ရန္ ဂ်ပန္စာသင္ရန္ ဆႏၵရွိပါက ေလွ်ာက္ထားႏုိင္မွာျဖစ္ၿပီး ေလွ်ာက္ထားလုိသူေတြဟာ ျမန္မာႏိုင္ငံသားျဖစ္သူ၊ ၂၀၀၀ ခုႏွစ္၊ ဇန္န၀ါရီလ ၁ ရက္မွ ၂၀၀၂ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ အတြင္း ေမြးဖြားသူေတြ၊ အေျခခံအားျဖင့္ ၂၀၁၇ ခုႏွစ္ မတ္လ သုိ႔မဟုတ္ ၂၀၀၈ ခုႏွစ္ မတ္လမွာ ဂ်ပန္ႏုိင္ငံအထက္တန္းေက်ာင္းနဲ႔ ညီမွ်တဲ့ အတန္းေက်ာင္း (တကၠသိုလ္၀င္တန္းစာေမးပဲြ) ေအာင္ၿပီးသူေတြ ျဖစ္ရပါမယ္။

ဒါ့အျပင္ တကၠသုိလ္၀င္တန္းစာေမးပဲြကုိ ၄ ဘာသာနဲ႔အထက္ ဘာသာမ်ားမွာ (၇၅) မွတ္နဲ႔ အထက္ရသူ (သုိ႔) ၆ ဘာသာ စုစုေပါင္းရမွတ္ (၄၅၀) နဲ႔ အထက္ ရရွိထားတဲ့ (ရႏိုင္ေျခရွိသူ) ေတြ ေလွ်ာက္ထားႏုိင္ပါတယ္။
ပညာသင္ေထာက္ပံ့ေၾကးကို ၂၀၁၈ ခုႏွစ္၊ ေအာက္တုိဘာလ (ယာယီ) မွ ၂၀၂၅ ခုႏွစ္၊ မတ္လ အထိ ေပးအပ္မွာျဖစ္ၿပီး ေဆးတကၠသိုလ္၊ သြားေဆးတကၠသိုလ္၊ တိရစၦာန္ေဆးကုတကၠသိုလ္၊ ေဆး၀ါးေဗဒ အထူးျပဳတကၠသိုလ္ အစရွိတဲ့ ေျခာက္ႏွစ္ ဘာသာရပ္ေတြကုိ ၀င္ေရာက္ခြင့္မျပဳပါဘူး။

OJLEC မွာ တစ္ႏွစ္တက္ၿပီး တကၠသိုလ္၀င္ခြင့္စာေမးပြဲ ေျဖဆိုခ်င္သူေတြအေနနဲ႔ အနည္းဆံုး JLPT N2 ေအာင္ၿပီး EJU ဂ်ပန္စာ အမွတ္ (စာစီစာကံုးအမွတ္မပါ) ၂၄၀ အထက္ ရရွိရမွာျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၁ ရက္မွ ၂၄ ရက္၊ ညေန ၅ နာရီထိ လက္ခံေပးသြားမွာျဖစ္ၿပီး ေလွ်ာက္လႊာေတြကို OJLEC ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ားအသင္း ျမန္မာရံုးခန္း ဖုန္း-၀၉၂၆၃၆၈၆၆၅၊ ၀၉၂၆၃၆၈၆၆၅၁ မွာ တင္ရမွာျဖစ္ပါတယ္။

အေသးစိတ္ထပ္မံသိရွိသူေတြ အေနနဲ႔ http://www.resonabank.co.jp/kojin/koken/iuchi.html နဲ႔ ေဒါက္တာနန္းျမေကခုိင္ ဖုန္း-၀၉၄၂၀၀၈၂၂၅၅၊ ကိုေကာင္းဆက္ပိုင္ ၀၉၂၆၃၆၈၆၆၅၁ ကိုဆက္သြယ္ေမးျမန္း စံုစမ္းႏုိင္ပါတယ္။

 

[Unicode]

အိအုချိပညာတော်သင်ထောက်ပံ့ကြေးဖောင်ဒေးရှင်းမှ ၂၀၁၉ ခုနှစ်၊ ဧပြီလ အတွက် ပညာတော်သင်ကျောင်းသားများ ပဥ္စမအသုတ် အဖြစ် လျှောက်လွှာခေါ်ယူနေကြောင်းသိရပါတယ်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များမှာ တက္ကသိုလ်ဘွဲ့အတွက် နိုင်ငံခြားပညာတော်သင်အဖြစ် ပညာသင်ယူနိုင်ရန် ဂျပန်စာသင်ရန် ဆန္ဒရှိပါက လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားလိုသူတွေဟာ မြန်မာနိုင်ငံသားဖြစ်သူ၊ ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် အတွင်း မွေးဖွားသူတွေ၊ အခြေခံအားဖြင့် ၂၀၁၇ ခုနှစ် မတ်လ သို့မဟုတ် ၂၀၀၈ ခုနှစ် မတ်လမှာ ဂျပန်နိုင်ငံအထက်တန်းကျောင်းနဲ့ ညီမျှတဲ့ အတန်းကျောင်း (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) အောင်ပြီးသူတွေ ဖြစ်ရပါမယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၄ ဘာသာနဲ့အထက် ဘာသာများမှာ (၇၅) မှတ်နဲ့ အထက်ရသူ (သို့) ၆ ဘာသာ စုစုပေါင်းရမှတ် (၄၅၀) နဲ့ အထက် ရရှိထားတဲ့ (ရနိုင်ခြေရှိသူ) တွေ လျှောက်ထားနိုင်ပါတယ်။
ပညာသင်ထောက်ပံ့ကြေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (ယာယီ) မှ ၂၀၂၅ ခုနှစ်၊ မတ်လ အထိ ပေးအပ်မှာဖြစ်ပြီး ဆေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုတက္ကသိုလ်၊ ဆေးဝါးဗေဒ အထူးပြုတက္ကသိုလ် အစရှိတဲ့ ခြောက်နှစ် ဘာသာရပ်တွေကို ၀င်ရောက်ခွင့်မပြုပါဘူး။

OJLEC မှာ တစ်နှစ်တက်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုချင်သူတွေအနေနဲ့ အနည်းဆုံး JLPT N2 အောင်ပြီး EJU ဂျပန်စာ အမှတ် (စာစီစာကုံးအမှတ်မပါ) ၂၄၀ အထက် ရရှိရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၂၄ ရက်၊ ညနေ ၅ နာရီထိ လက်ခံပေးသွားမှာဖြစ်ပြီး လျှောက်လွှာတွေကို OJLEC ကျောင်းသား၊ ကျောင်းသူဟောင်းများအသင်း မြန်မာရုံးခန်း ဖုန်း-၀၉၂၆၃၆၈၆၆၅၊ ၀၉၂၆၃၆၈၆၆၅၁ မှာ တင်ရမှာဖြစ်ပါတယ်။

အသေးစိတ်ထပ်မံသိရှိသူတွေ အနေနဲ့ http://www.resonabank.co.jp/kojin/koken/iuchi.html နဲ့ ဒေါက်တာနန်းမြကေခိုင် ဖုန်း-၀၉၄၂၀၀၈၂၂၅၅၊ ကိုကောင်းဆက်ပိုင် ၀၉၂၆၃၆၈၆၆၅၁ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။