အိမ်အလုံး ၇၀၀ အထိစွမ်းအင်ပေးနိုင်တဲ့ Amazon ဆိုလာစွမ်းအင်စနစ်

Amazon ဟာ အင်္ဂလန်က အက်စ်ဆက်စ်ကောင်တီအတွင်း စတုရန်းပေ ၂သန်းကျယ်တဲ့ မြေပေါ်မှာ ဆိုလာပြား ၁၁,၅၀၀ တည်ဆောက်ထားပါတယ်။ Amazon ဟာ ၂၀၂၅ အရောက်မှာ ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်ကို ပြောင်းလဲ အသုံးပြုဖို့ အခုစီမံကိန်းကို ပြုလုပ်နေပါတယ်။

Amazon ရဲ့ဆိုလာစနစ်က နှစ်စဉ် မီဂါဝက်နာရီပေါင်း ၂,၇၀၀ ဝန်းကျင် ဒါမှဟုတ် ၄.၈၃ မီဂါဝတ်ပမာဏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးပါတယ်။ အဲဒီပမာဏက တစ်နှစ်တိတိ အိမ်ပေါင်း ၇၀၀ကို စွမ်းအင်ပေးဖို့ လုံလောက်တယ်။

Amazon ရဲ့ အက်စ်ဆက်စကောင်တီ၊ တယ်ဘူရီက ပစ္စည်းဖြည့်သွင်းရေးစင်တာက ဆိုလာပြားတပ်ဆင်ထားမှုကို အောက်တိုဘာ ၁ရက်နေ့ ထုတ်ဖော်ပြသခဲ့တယ်။ အဲဒီစင်တာက Amazon စက်ရုံထဲက ကမ္ဘာ့ဒုတိယမြောက်နဲ့ ဥရောပက အကြီးဆုံးစင်တာဖြစ်ပါတယ်။

Amazon ဟာ Climate Pledge အစီအစဉ်အစိတ်အပိုင်းအဖြစ် ဆိုလာပြားတွေ တပ်ဆင်ခဲ့ပါတယ်။ မနှစ်ကမိတ်ဆက်ခဲ့တဲ့ Climate Pledge အစီအစဉ်ဆိုတာ ၂၀၄၀ အရောက်မှာ လုပ်ငန်းတစ်ခုလုံး ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်ကို အသုံးပြုပြီး ကာဗွန်သုညဖြစ်အောင် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။

စိုးထက်

Ref: DailyMail