အိမ်မှာနေရင်း သူငယ်ချင်းတစ်သိုက်နဲ့ကစားနိုင်မယ့် ဂိမ်းများ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ လူစုလူဝေးရှောင်ကြဉ်မှု အကြံပေးချက်တွေကြောင့် မိသားစု၊ သူငယ်ချင်းတွေနဲ့ ပြုလုပ်မယ့် အစီအစဉ်တွေက ပျက်စီးကုန်မှာ အမှန်ပါပဲ။ သူတို့တွေနဲ့အတူတကွ ပြုလုပ်နိုင်တဲ့ ဆိုရှယ်လုပ်ဆောင်ချက်ကတော့ အွန်လိုင်းဂိမ်းကစားတာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ ပါတီဂိမ်းနဲ့ ဘုတ်ဂိမ်းတွေကို အွန်လိုင်းမှာ ကစားလို့ရပါတယ်။ ဒါ့အပြင် Netflix Party, Amazon Prime Video Watch Party နဲ့ Airtime for YouTube တို့ကိုသုံးပြီး ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေ စုကြည့်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ကစားနိုင်တဲ့ အကောင်းဆုံး အွန်လိုင်းဂိမ်းတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အွန်လိုင်းပါတီဂိမ်း
Jackbox Games

Jackbox Games တွေကတော့ ကစားသူများစွာ ပါဝင်နိုင်တဲ့ ပါတီဂိမ်းဖြစ်ပါတယ်။ အလွယ်တကူ ထုတ်လွှင့်နိုင်သလို၊ screen-share လည်းလုပ်နိုင်ပါတယ်။ ဖုန်း ဒါမှမဟုတ် web browser ကနေလည်း ကစားနိုင်ပါတယ်။ ဒါ့အပြင် Android ဒါမှမဟုတ် iOS ထုတ်ကုန်ကနေ TV မှာ mirror လုပ်လို့ရပါတယ်။

ကစားနည်းကတော့ Jackbox party pack ၆ ခုထဲက တစ်ခုကို လူတစ်ယောက်ဝယ်ယူတာ၊ Steam မှာ ဂိမ်းတွေထဲက တစ်ခုကို ဝယ်ယူရပါမယ်။ အဲဒီ pack ထဲမှာ ဂိမ်း ၅ ခုပါဝင်ပြီး တစ်ခုကို ၂၅ ဒေါ်လာ ကျသင့်ပါတယ်။ အဲဒီ pack တွေကို PlayStation, Xbox, Nintendo Switch, Apple TV, Amazon Fire TV နဲ့ အခြားထုတ်ကုန်တွေမှာ ဝယ်ယူနိုင်ပါတယ်။

ဂိမ်းကို ဝယ်ပြီးတာနဲ့ Zoom, Skype, Google Hangouts ဒါမှမဟုတ် ဗီဒီယိုခေါ်ဆိုမှု ဝန်ဆောင်မှု တစ်ခုခုက တစ်ဆင့် screen-share လုပ်ဆောင်ချက် အသုံးပြုပြီး ပါဝင်သူတွေက ဂိမ်းကစားနိုင်ပါတယ်။ အခြားသူတွက Jackbox.tv မှာ browser အသုံးပြုပြီး browser နဲ့လည်း ကစားနိုင်ပါတယ်။

ဉာဏ်စမ်းဂိမ်း
The Escape Game

အခုဂိမ်းကတော့ virtual escape အခန်းတစ်ခုနဲ့ ဉာဏ်စမ်းပဟေဠိ ဖြေရှင်းမှုကို စမ်းသပ်လို့ရပါတယ်။ ပဟေဠိအားလုံးကို ဖြေရှင်းဖို့ ကြိုးစားဖို့ အချိန်မပြည့်ခင် ကွန်ပျူတာခန်းထဲက လွတ်မြောက်ဖို့ သဲလွန်စရှာရပါမယ်။

The Escape Game မှာ အသက် ၁၂ နှစ်အရွယ် ကစားသူတွေအတွက် TEG Unlocked: The Heist ပါဝင်တယ်။ အပိုင်း ၂ ပိုင်းပါဝင်တဲ့ ဂိမ်းမှာ လူ ၄ ယောက်အထိကစားနိုင်ပြီး လျို့ဝှက်အေးဂျင့်က သံသယရှိ အနုပညာလက်ရာ ခိုးသူကို တားဆီးရပါမယ်။

ဘုတ်ဂိမ်း
Tabletopia

သူငယ်ချင်းတွေနဲ့ ဘုတ်ဂိမ်းကစားချင်တယ်ဆိုရင်တော့ Tabletopia မှာရှာဖွေကြည့်သင့်ပါတယ်။ ပြင်ပ ဘဝက လိုမျိုး ဘုတ်ဂိမ်း ၉၀၀ ကျော်ရှိပါတယ်။ ကစားသူက Mac ဒါမှမဟုတ် Windows အတွက် desktop browser ကနေ ကစားလို့ရပါတယ် ။ ဒါ့အပြင် Google Play Store ဒါမှမဟုတ် App Store ကနေလည်း ကစားနိုင်ပါတယ်။ Chess နဲ့ Texas hold ’em လိုမျိုး ကလပ်စစ်ဂိမ်းအပြင် Scythe နဲ့ clans of Caledonia လိုမျိုး နက်ရှိုင်းတဲ့ဂိမ်းတွေလည်း ကစားနိုင်ပါတယ်။

ပေါ့ပေါ့ပါးပါးဂိမ်း
Houseparty

Houseparty ကတော့ Fortnite ဖန်တီးတဲ့ Epic Games ပိုင်တဲ့ ဗီဒီယို chat app ဖြစ်သလို trivia ဂိမ်းလည်း ကစားနိုင်တယ်။ App ကတော့ အခမဲ့ဖြစ်ပါတယ်။ လူ ၈ ယောက်အထိ “room” ဆီဝင်ပြီး ဂိမ်းတွေကစားနိုင်ပါတယ်။
သတိပေးချက်: Houseparty app ကတော့ လုံခြုံရေးအစီအမံ အားနည်းမှုကြောင့် Netflix account ဟက်ခံရတယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ ကုမ္ပဏီကတော့ အချက်အလက် ပေါက်ကြားတာ မရှိဘူးလို့ ပြောထားပါတယ်။ တကယ်လို့ အချက်အလက် ပေါက်ကြားမှုကို သက်သေပြနိုင်ရင် ဒေါ်လာတစ်သန်းပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

အလည်အပတ်ဂိမ်း
Animal Crossing: New Horizons

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာစတင် နေထိုင်ရချိန် မတ်လမှာ Nintendo Switch ပေါ်မှာ Animal Crossing: New Horizons ထွက်လာပါတယ်။ Animal Crossing: New Horizons ကတော့ ချက်ချင်းရေပန်းစားခဲ့ပါတယ်။ ဂိမ်းရဲ့ ဆိုရှယ်မျက်နှာစာကြောင့်လည်း ကစားသူတွေအတွက် အိမ်မှာနေထိုင်ရတာ ပိုမို လွယ်ကူလာပါတယ်။

အချိန်ကုန်မြန်စေမယ့်ဂိမ်း
မိုဘိုင်းဂိမ်းများ- Fortnite, Words with Friends 2, Scrabble GO, Uno & Friends, Draw Something

သူငယ်ချင်းတွေနဲ့ ကစားနိုင်မယ့် မိုဘိုင်းဂိမ်းတော်တော်များများကို သင်သိပြီးသားဖြစ်မှာပါ။ Fortnite, Words with Friends 2, Scrabble GO, Uno & Friends နဲ့ Draw Something ကတော့ သူငယ်ချင်း အချင်းချင်း ချိတ်ဆက်ပြီး ကစားနိုင်တဲ့ ဂိမ်းတွေပါ။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««