အိမ်နီးချင်းအချင်းချင်း အကူအညီပေးနိုင်မယ့် လုပ်ဆောင်ချက် Facebook စမ်းသပ်

Facebook ဟာ အိမ်ချင်းကပ်ရပ် နေထိုင်သူတွေ အချင်းချင်း အကူအညီပေးနိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို စမ်းသပ်နေပါတယ်။

Neighborhoods အမည်ရ လုပ်ဆောင်ချက်မှာ post, group နဲ့ marketplace ကုန်ပစ္စည်းတွေ တင်နိုင်မယ်လို့ Facebook ပြောရေးခွင့်ရှိသူက ပြောခဲ့ပါတယ်။

“လူတွေက ဒေသတွင်းအသိုက်အဝန်းမှာ ပါဝင်ဖို့ Facebook ကို ပိုမို အသုံးပြုလာကြပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေ ပိုမိုလွယ်ကူစေဖို့ Neighborhoods ကို ကန့်သတ်စမ်းသပ်နေပါတယ်။ Neighborhoods ဆိုတာက အိမ်နီးချင်းတွေနဲ ဆက်သွယ်ဖို့ လူတွေအတွက် Facebook ပေါ်က ပေးထားတဲ့ space တစ်ခု ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

သုံးစွဲသူတွေက Neighborhoods ကိုပြောင်းလဲနိုင်ပြီး group ထဲမှာ လုပ်ဆောင်ချက်တွေ စီမံဖို့ privacy ရွေးချယ်မှုတွေလည်း ပါဝင်လာပါတယ်။ အခု feature ကတော့ လစဉ် သုံးစွဲသူ ၂၇ သန်းရှိတဲ့ Nextdoor လူမှုကွန်ရက်နဲ့ ဆင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Nextdoor ကတော့ အိမ်နီးချင်းတွေက ခိုင်မာ၊ လုံခြုံတဲ့ အသိုက်အဝန်းတွေ ဖန်တီးဖို့ အကူအညီပေးပါမယ်။

-စိုးထက်
Ref: CNET

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««