အိမ်ကနေ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှု ရရှိဖို့ ကူညီပေးနိုင်တဲ့ app (၆)ခု

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်ပွားနေတာကြောင့် လူတော်တော်များများ အိမ်ကနေ အလုပ်လုပ်နေကြပါတယ်။ ဒါပေမဲ့ အိမ်မှာ အလုပ်လုပ်တဲ့အခါ အခက်အခဲတွေ ရင်ဆိုင်ရကြပါတယ်။ ဒါကြောင့် အိမ်မှာ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှု အပြည့်ရဖို့ အထောက်အပံ့ပေးနိုင်မယ့် app တွေကို အသုံးပြုနိုင်ပါတယ်။

Forest

Forest ကို App Store နဲ့ Google Play Store မှာရယူနိုင်ပါတယ်။ အခု app ကတော့ အာရုံစိုက်အလုပ်လုပ်နိုင်ဖို့ အပင်စိုက်ရတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ Forest ကိုဖွင့်လိုက်တာနဲ့ အာရုံစိုက်မှု ကြာလာလေ အပင်တွေကြီးထွားလေ ဖြစ်လာပါမယ်။


Hocus Focus

အိမ်မှာ အလုပ်လုပ်တဲ့အခါ browser မှာ tab ၁၀ ခုလောက်ဖွင့်ထားသူတွေ အတွက် Hocus Focus ဟာ အိပ်မက်ဆိုးပါ။ Hocus Focus ဟာ inactive မဖြစ်တဲ့ windows တွေကို ပိတ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် window တစ်ခုကိုပဲ ကြည့်နိုင်ပါတယ်။ ကွန်ပျူတာပေါ်မှာ install လုပ်ထားတဲ့ iMessage, Spotify ဒါမှမဟုတ် Slack တို့ကို ကန့်သတ်ဖို့ အချိန်ကန့်သတ်မှုတွေကို အသုံးပြုနိုင်ပါတယ်။ Hocus Focus ကို MacOS မှာ အသုံးပြုဖို့ တည်ဆောက်ထားပေမယ့် Chrome နဲ့ Safari မှာလည်း အသုံးပြုနိုင်ပါတယ်။


Mindful Browsing

Mindful Browsing ကတော့ Chrome အတွက် အထူးတည်ဆောက်ထားတဲ့ plugin တစ်ခုဖြစ်ပါတယ်။ Mindful Browsing ကတော့ အချိန်အသုံးပြုလိုတဲ့လုပ်ရပ်တွေကို ဝက်ဘ်ဆိုက်မှာ ရေးသားပြီး ဘာလုပ်ချင်တယ်ဆိုတာကို ရိုက်ထည့်ပေးရပါတယ်။ အလွယ်တကူ setup လုပ်နိုင်ပါတယ်။


Freedom

Freedom ကို Mac နဲ့ Windows အပြင် Android နဲ့ iOS မှာလည်း အသုံးပြုနိုင်ပါတယ်။ ထုတ်ကုန်အားလုံးမှာ sync ပြုလုပ်နိုင်ပါတယ်။ အဲဒီ app ကတော့ app နဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်နိုင်ပါတယ်။ တကယ်လို့ ဘယ်အရာပိတ်ပင်မရလဲ ဝေခွဲရခက်နေရင် pre-made စာရင်းလုပ်ပေးထားပါတယ်။ ဒါ့အပြင် app တွေကို ၉ နာရီ ကနေ ၅ နာရီပိတ်ပင်ဖို့ schedule ပေးနိုင်ပါတယ်။

Motion

Chrome မှာသုံးနိုင်တဲ့ plugin ဖြစ်ပြီး အာရုံလွှဲစေတဲ့ ဝက်ဘ်ဆိုက်ရောက်နေရင် အချိန်နဲ့တစ်ပြေးညီ သတိပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ pop-up ပေါ်လာရင် tab ကိုပိတ်တာ ဒါမှမဟုတ် တစ်မိနစ်တိတိပဲ အသုံးပြုတာ လုပ်နိုင်ပါတယ်။

Focus Keeper – Pomodoro timer

အိမ်ကနေ အလုပ်လုပ်ရတဲ့အခါ ချိတ်ဆက်မှု ပြတ်တောက်မှုကြောင့် အလွန်ခက်ခဲနိုင်ပါတယ်။ Android နဲ့ iOS မှာရှိတဲ့ Focus Keeper ကတော့ app နဲ့ ဝက်ဘ်ဆိုက်တွေ ပိတ်ပေးတာအပြင် productivity လုပ်ငန်း လုပ်နေချိန်နဲ့ မလုပ်တဲ့အချိန်ကို ခွဲပေးပါတယ်။ တကယ်လို့ သုံးစွဲသူက အလုပ်တစ်ခုကို ပြီးဆုံးအောင် ပြုလုပ်ချင်တယ်ဆိုရင် ၂၅ မိနစ်အထိ timer သတ်မှတ်ပေးပါတယ်။ တကယ်လို့ timer အချိန်ပြည့်သွားရင်း အနားယူချိန် ၅ မိနစ် ရရှိပါမယ်။

စိုးထက်
Ref: Mashable