အိမ္သံုးႀကိဳးမဲ့ အင္တာနက္ဝန္ေဆာင္မႈ Telenor စတင္မိတ္ဆက္

[ Zawgyi ]

အကန္႔အသတ္မရွိ ေဒတာေတြကို အသံုးျပဳႏိုင္မယ့္ အိမ္သံုးႀကိဳးမဲ့ အင္တာနက္ ဝန္ေဆာင္မႈကို Telenor က မိတ္ဆက္လိုက္ပါတယ္။

အင္တာနက္ေဒတာျမန္ႏႈန္း 5MB နဲ႔အသံုးျပဳႏိုင္မွာျဖစ္ကာ ဝိုင္ဖိုင္ခ်ိတ္ဆက္ အသံုးျပဳရမွာ ျဖစ္ပါတယ္။ စတင္သံုးစြဲသူေတြအတြက္ ႀကိဳးမဲ့အင္တာနက္ Modem အပါအဝင္ အကန္႔အသတ္မဲ့အင္တာနက္ ဝန္ေဆာင္မႈကို ရက္ ၉၀ ၾကာ အသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ မိမိႏွစ္သက္ရာ က႑ကို ေရြးခ်ယ္အသံုးျပဳႏိုင္ဖို႔အတြက္ လစဥ္ေၾကးကို က်ပ္ ၃ဝ,ဝဝဝ က်ပ္က စတင္ ဝယ္ယူႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ “အင္တာနက္အ သံုးျပဳသူေတြ ျပည့္ျပည့္ဝဝ အသံုးခ်ေစဖို႔အတြက္ ဒီဝန္ေဆာင္မႈကို ေပးအပ္သြားမွာ ျဖစ္ပါတယ္” လို႔ Telenor Myanmar က ေစ်းကြက္ေဖာ္ေဆာင္ေရး အရာရွိခ်ဳပ္ျဖစ္ သူ Amaresh Kumar ကေျပာပါတယ္။

ဒီဝန္ေဆာင္မႈကို လက္ရွိမွာ အြန္လိုင္းကေနတစ္ဆင့္သာ ဝယ္ယူႏိုင္မွာျဖစ္ေၾကာင္း၊ မိမိ အသံုးျပဳလိုတဲ့ေနရာမွာ 4G ကြန္ရက္ ရရွိဖို႔လိုအပ္ေၾကာင္း၊ မိမိအသံုးျပဳလိုတဲ့ေနရာမွာ 4G ကြန္ ရက္ရရွိတဲ့ ဧရိယာမွာပါဝင္ျခင္း ရွိ/မရွိကို ဒီေနရာမွာ ဝင္ေရာက္စစ္ေဆးႏိုင္သလို ဝယ္ယူအသံုးျပဳႏိုင္ေၾကာင္း သိရပါတယ္။ Website ကေနတစ္ဆင့္ စာရင္းေပးသြင္းၿပီး ဝန္ေဆာင္မႈကို ရယူႏိုင္ကာ တပ္ဆင္အသံုးျပဳရမယ့္ စက္ပစၥည္းေတြကို ေပးသြင္းထားတဲ့ လိပ္စာဆီတိုက္႐ိုက္ေပးပို႔ သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

အကန့်အသတ်မရှိ ဒေတာတွေကို အသုံးပြုနိုင်မယ့် အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှုကို Telenor က မိတ်ဆက်လိုက်ပါတယ်။

အင်တာနက်ဒေတာမြန်နှုန်း 5MB နဲ့အသုံးပြုနိုင်မှာဖြစ်ကာ ဝိုင်ဖိုင်ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ စတင်သုံးစွဲသူတွေအတွက် ကြိုးမဲ့အင်တာနက် Modem အပါအဝင် အကန့်အသတ်မဲ့အင်တာနက် ဝန်ဆောင်မှုကို ရက် ၉၀ ကြာ အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မိမိနှစ်သက်ရာ ကဏ္ဍကို ရွေးချယ်အသုံးပြုနိုင်ဖို့အတွက် လစဉ်ကြေးကို ကျပ် ၃ဝ,ဝဝဝ ကျပ်က စတင် ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ “အင်တာနက်အ သုံးပြုသူတွေ ပြည့်ပြည့်ဝဝ အသုံးချစေဖို့အတွက် ဒီဝန်ဆောင်မှုကို ပေးအပ်သွားမှာ ဖြစ်ပါတယ်” လို့ Telenor Myanmar က စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ် သူ Amaresh Kumar ကပြောပါတယ်။

ဒီဝန်ဆောင်မှုကို လက်ရှိမှာ အွန်လိုင်းကနေတစ်ဆင့်သာ ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ မိမိ အသုံးပြုလိုတဲ့နေရာမှာ 4G ကွန်ရက် ရရှိဖို့လိုအပ်ကြောင်း၊ မိမိအသုံးပြုလိုတဲ့နေရာမှာ 4G ကွန် ရက်ရရှိတဲ့ ဧရိယာမှာပါဝင်ခြင်း ရှိ/မရှိကို ဒီနေရာမှာ ဝင်ရောက်စစ်ဆေးနိုင်သလို ဝယ်ယူအသုံးပြုနိုင်ကြောင်း သိရပါတယ်။ Website ကနေတစ်ဆင့် စာရင်းပေးသွင်းပြီး ဝန်ဆောင်မှုကို ရယူနိုင်ကာ တပ်ဆင်အသုံးပြုရမယ့် စက်ပစ္စည်းတွေကို ပေးသွင်းထားတဲ့ လိပ်စာဆီတိုက်ရိုက်ပေးပို့ သွားမှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သက်ကို