အိန္ဒိယရဲ့ ဘတ်စ်ကား app ဖြစ်တဲ့ Shuttl ကို တိုယိုတာက ငွေကြေးထောက်ပံ့

အိန္ဒိယမှာ Shuttl အမည်ရ startup ကုမ္ပဏီတစ်ခုက ဘတ်စ်ကားစုစည်းပေးတဲ့ ဝန်ဆောင်မှုရှိပါတယ်။ Shuttl ဟာ အိန္ဒိယနိုင်ငံ၊ ဂါဂါအွန်မြို့အခြေစိုက်ဖြစ်ပြီး ကုမ္ပဏီရင်းနှီးမြှုပ်နှံသူတွေထဲမှာ Amazon လည်း ပါဝင်လာပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေး သန်း ၇၀ အထိ မတည်ပေးထားပါတယ်။

အခုဆိုရင် တိုယိုတာတက်ဆုရှိုအုပ်စုနဲ့ SPARX အုပ်စုတို့က သက်တမ်း ၄ နှစ်ရှိ Shuttl ကို Mirai Creation Fund ကတစ်ဆင့် ငွေကြေး ၃၆ သန်းအထိ မတည်ပေးထားပါတယ်။

Shuttl ဝန်ဆောင်မှုမှာ ဘတ်စ်ကား ၂,၀၀၀ နီးပါးရှိပြီး အိန္ဒိယအတွင်းက မြို့ ၆ ခုမှာ နေ့စဉ်ခရီးစဉ် ၁၀၀,၀၀၀ ပြေးဆွဲပေးနေပါတယ်။ Shuttl ကိုစီးနင်းမယ့်သူတွေက ဘတ်စ်ကားစီဖို့း app ကတစ်ဆင့် ကြိုတင်ဘွတ်ကင်တင်ပြီး သတ်မှတ်ထားတဲ့မှတ်တိုင်ကတစ်ဆင့် စီးနင်းနိုင်ပါတယ်။

Shuttl အနေနဲ့ ဘတ်စ်ကားပေါ်မှာ လုံခြုံရေးအတွက် စမ်းသပ်မှုအမျိုးမျိုးကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဘတ်စ်ကားအရှိန်ကို အလိုအလျောက် နှေးစေပြီး အနီးဆုံး ဘတ်စ်ကားမှတ်တိုင်မှာ ရပ်တန့်သွားဖို့ အရေးပေါ်ခလုတ်တစ်ခုကိုလည်း Shuttl ကဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် ဘတ်စ်ကားစီးသူတွေက ချစ်ခင်သူတွေနဲ့ ဝေမျှနိုင်မယ့် live feed ကိုလည်း စမ်းသပ်ခဲ့ပါသေးတယ်။

စိုးထက်
Ref: TechCrunch