အိန္ဒိယနိုင်ငံအစိုးရ၏အထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်ရှိ ကျောင်းများအား စာကြည့်တိုက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲများထောက်ပံ့မည်

ပညာရေးဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲများထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို သြဂုတ် ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံအစိုးရ အကူအညီနဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ မာန်အောင်၊ပေါက်တော၊ မောင်တောနဲ့ မြေပုံမြို့နယ်များမှာ တည်ဆောက်ခဲ့တဲ့ ကျောင်း ၁၅ ကျောင်းမှာ အိန္ဒိယနိုင်ငံအစိုးရရဲ့အထောက်အပံ့နဲ့ ပညာရေးဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲများထောက်ပံ့ရန် သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးH.E. Mr. Saurabh Kumar နဲ့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းတို့လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်နဲ့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက  တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««