အိန္ဒိယထုတ် Mi 10i ကို Xiaomi မိတ်ဆက်

Xiaomi ဟာ အိန္ဒိယမှာ ထုတ်လုပ်ပြီး ရောင်းချမယ့် Mi 10i ကိုမိတ်ဆက်ခဲ့ပါတယ်။ Mi 10i ကတော့ Mi 10T Lite 5G ဖုန်းကို ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပြီး Redmi Note 9 Pro 5G နဲ့အတူတူပါပဲ။

Xiaomi ရဲ့ Mi 10i မှာ‌တော့ ၆.၆ လက်မ 120Hz 1080p LCD အသုံးပြုထားပြီး Qualcomm snapdragon 750G ပရိုဆက်ဆာ၊ X52 5G modem , RAM 8GB နဲ့ storage 128GB ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,820mAh ဖြစ်ပါတယ်။ Xiaomi အပြောအရ 33W နဲ့ ၅၈ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ ဖုန်းမှာ နားကြပ်ပေါက်နဲ့ ဘေးဘက်မှာ fingerprint sensor , IR blaster တို့ပါဝင်လာပါတယ်။

အဓိက ကင်မရာကတော့ Samsung ရဲ့ 108-megapixel ISOCELL HM2 sensor အသုံးပြုထားပြီး 8-megapixel ultrawide ကင်မရာနဲ့ 2-megapixel macro နဲ့ depth sensor တို့ပါဝင်လာပါတယ်။ ရှေ့ selfie ကင်မရာကတော့ 16 megapixels နဲ့ punch hole ထဲထည့်ထားပါတယ်။

Mi 10i ကိုတော့ ဇန်နဝါရီလ ၇ ရက်မှာတော့ အိန္ဒိယမှာ စတင်ရောင်းချသွားပါမယ်။

Mi 10i အတွက် RAM 6GB နဲ့ storage 64GB ဗားရှင်းကတော့ ဒေါ်လာ ၂၉၀ ၊ storage 128GB ကတော့ ဒေါ်လာ ၃၀၀ ကျသင့်ပြီး 8GB/128GB ကတော့ ဒေါ်လာ ၃၃၀ ကျသင့်ပါမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««