အိတ္ေဆာင္အရြယ္ ေခါက္ထားႏိုင္တဲ့ Surface ဖုန္းတစ္မ်ိဳးကို Microsoft လုပ္ကိုင္ေန

Microsoft အေနနဲ႔ Surface Phone ကို ထုတ္လုပ္ဖို႔ စီစဥ္ေနတာ ႏွစ္အနညး္ငယ္ ၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။ Microsoft က ထြက္ရွိလာမယ့္ အမည္ဝွက္ Andromeda လို႔ေခၚတဲ့ ထုတ္ကုန္ဟာ မိုဘုိင္းနဲ႔ computing ထုတ္ကုန္အၾကားက လိုင္းေတြကို ေဝဝါးေစမယ့္ အိတ္ေဆာင္ထုတ္ကုန္တစ္ခုျဖစ္တယ္လို႔ The Verge ကေဖာ္ျပခဲ့ပါတယ္။

အိတ္ေဆာင္အရြယ္ပဲရွိတဲ့ Surface ထုတ္ကုန္မွာ ဆန္းသစ္တီထြင္ထားတဲ့ hardware သစ္နဲ႔ ဘက္စုံအသုံးဝင္တဲ့ software အေတြ႕အႀကဳံေတြ ပါဝင္လာတယ္လုိ႔ The Verge ကရရွိခဲ့တဲ့ ကုမၸဏီတြင္း စာရြက္စာတမ္းမွာ ေဖာ္ျပထားပါတယ္။

အရင္ကထြက္ရွိထားတဲ့ မူပုိင္ခြင့္ေတြနဲ႔ အစီရင္ခံစားေတြအရ Andromeda ဟာေခါက္စမတ္ဖုန္းတစ္မ်ိဳး ျဖစ္ၿပီး အသုံးျပဳမယ့္အေပၚ မူတည္ၿပီး အရြယ္ကုိေျပာင္းလဲခြင့္ ျပဳထားပါတယ္။ ဒီႏွစ္ Computex ပြဲမွာ လူေတြကုိ ဆြဲေဆာင္ႏိုင္ခဲ့တဲ့ Dual-screen PC ပုံစံအတိုင္းပဲ Andromeda ကုိထုတ္လုပ္သြားဖြယ္ရွိပါတယ္။ အဲဒီထုတ္ကုန္ေတြရဲ႕ ျပႆနာက panel ေတြအၾကားမွာ ႀကီးမားတဲ့အဟတစ္ခု ရွိပါတယ္။

Andromeda ထုတ္ကုန္မွာ display ကိုေခါက္လုိက္တဲ့အခါ ေပၚလာတဲ့ ပတၱာအဟ ဒီဇိုင္းျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးစားလာႏိုင္ပါတယ္။

Andromeda ကိုဒီႏွစ္အေစာပိုင္းမွာ ထုတ္ေဖာ္မိတ္ဆက္ဖြယ္ရွိတယ္လို႔ ေကာလာဟလသတင္း ထြက္ေပၚေနပါတယ္။

စိုးထက္
Ref: TheNextWeb

[ Unicode ]

Microsoft အနေနဲ့ Surface Phone ကို ထုတ်လုပ်ဖို့ စီစဉ်နေတာ နှစ်အနညး်ငယ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ Microsoft က ထွက်ရှိလာမယ့် အမည်ဝှက် Andromeda လို့ခေါ်တဲ့ ထုတ်ကုန်ဟာ မိုဘိုင်းနဲ့ computing ထုတ်ကုန်အကြားက လိုင်းတွေကို ဝေဝါးစေမယ့် အိတ်ဆောင်ထုတ်ကုန်တစ်ခုဖြစ်တယ်လို့ The Verge ကဖော်ပြခဲ့ပါတယ်။

အိတ်ဆောင်အရွယ်ပဲရှိတဲ့ Surface ထုတ်ကုန်မှာ ဆန်းသစ်တီထွင်ထားတဲ့ hardware သစ်နဲ့ ဘက်စုံအသုံးဝင်တဲ့ software အတွေ့အကြုံတွေ ပါဝင်လာတယ်လို့ The Verge ကရရှိခဲ့တဲ့ ကုမ္ပဏီတွင်း စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။

အရင်ကထွက်ရှိထားတဲ့ မူပိုင်ခွင့်တွေနဲ့ အစီရင်ခံစားတွေအရ Andromeda ဟာခေါက်စမတ်ဖုန်းတစ်မျိုး ဖြစ်ပြီး အသုံးပြုမယ့်အပေါ် မူတည်ပြီး အရွယ်ကိုပြောင်းလဲခွင့် ပြုထားပါတယ်။ ဒီနှစ် Computex ပွဲမှာ လူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Dual-screen PC ပုံစံအတိုင်းပဲ Andromeda ကိုထုတ်လုပ်သွားဖွယ်ရှိပါတယ်။ အဲဒီထုတ်ကုန်တွေရဲ့ ပြဿနာက panel တွေအကြားမှာ ကြီးမားတဲ့အဟတစ်ခု ရှိပါတယ်။

Andromeda ထုတ်ကုန်မှာ display ကိုခေါက်လိုက်တဲ့အခါ ပေါ်လာတဲ့ ပတ္တာအဟ ဒီဇိုင်းပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလာနိုင်ပါတယ်။

Andromeda ကိုဒီနှစ်အစောပိုင်းမှာ ထုတ်ဖော်မိတ်ဆက်ဖွယ်ရှိတယ်လို့ ကောလာဟလသတင်း ထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: TheNextWeb