အားပြန်သွင်းစရာ လုံးဝမလိုတဲ့ ၄၂ ဒေါ်လာတန် ကြိုးမဲ့ကီးဘုတ်

Logitech ရဲ့ K750 Wireless Solar Keyboard ဟာ အားပြန်သွင်းစရာ မလိုပါဘူး။ အဲဒီကီးဘုတ်ကို နေရောင်ခြည်တင်မကဘဲ ဘယ်လိုအလင်းရောင်နဲ့မဆို အမြဲတမ်းအားသွင်းပေးနိုင်တဲ့ charging mode ပါဝင်တယ်လို့ Genius Report ကဖော်ပြခဲ့ပါတယ်။

Logitech K750 Wireless Solar Keyboard ကို Windows နဲ့ Mac အတွက် သီးသန့်ဆီ ထုတ်လုပ်ထားပါတယ်။ ဘယ်လိုအလင်းရောင်နဲ့မဆို အားသွင်းနိုင်တာကြောင့် အခန်းထဲမှာ ဖွင့်ထားတဲ့ မီးအလင်းရောင်နဲ့လည်း အားပြန်သွင်းပေးနိုင်ပါတယ်။ Windows ဗားရှင်းအတွက် Logitech K750 Wireless Solar Keyboard ကို ၄၂ ဒေါ်လာ အောက်နဲ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

ဒီ ultra-portable ကီးဘုတ်ဟာ အလွန်ပါးလွှာပြီး အထူက ၁.၃ လက်မပဲရှိပါတယ်။ စာရိုက်တဲ့အခါမှာ မြန်မြန်ဆန်ဆန် သက်သက်သာသာနဲ့ အသံမထွက်ဘဲ အသုံးပြုနိုင်အောင် concave key cap ဒီဇိုင်းကို အသုံးပြုထားပါတယ်။ Windows ဗားရှင်းဖြစ်တဲ့ Logitech K750 Wireless Solar Keyboard ကို Windows XP, Windows Vista, Windows 7, Windows 8 နဲ့ Windows 10 စတဲ့ operating system တွေမှာ အသုံးပြုထားပါတယ်။

Mac သုံးစွဲသူတွေအတွက်လည်း K750 Wireless Solar Keyboard ကို Logitech က ထုတ်လုပ်ထားပြီး အဲဒီကီးဘုတ်ကို Mac OS X 10.5 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ Mac ကီးဘုတ် ဖွဲ့စည်းပုံအတိုင်း ဒီဇိုင်းထုတ်ထားပါတယ်။ Mac ဗားရှင်းဖြစ်တဲ့ Logitech K750 Wireless Solar Keyboard ကို ၅၉.၇၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: Spy