အားနည်းချက် ပြင်ဆင်ထားတဲ့ iOS 14.1 နဲ့ iPadOS 14.1 ထွက်ရှိ

Apple ဟာ ပြီးခဲ့တဲ့အပတ်က iPhone 12 နဲ့ iPhone 12 Pro ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ iPhone 12 တွေ မရောင်းချခင်မှာ ဖုန်းနဲ့ tablet အားလုံး အတွက် iOS update ဖြန့်ချိလိုက်ပါတယ်။

အသစ်ထွက်လာတဲ့ iOS 14.1 နဲ့ iPadOS 14.1 ကတော့ အားနည်းချက်တွေကို ပြင်ဆင်ထားပြီး update အသေးစားလေးတွေ ပါဝင်လာပါတယ်။ ဥပမာ အနေနဲ့ iPhone 8 နဲ့အထက် Photos မှာ 10-bit HDR ဗီဒီယိုထောက်ပံ့မှု ပါဝင်ပြီး တည်းဖြတ်နိုင်အောင်လည်း ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် Home Screen ပေါ်မှာ widget, folder နဲ့ icon အရွယ်အစားကို ချုံ့နိုင်တယ်လို့ သိရပါတယ်။ iPhone 12 နဲ့ iPhone 12 Pro ဖုန်း စတင်ရောင်းချတဲ့အခါ iOS 14.1 ပါဝင်လာနိုင်တယ်လို့ လူအများက မျှော်လင့်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ Apple ကတော့ developer တွေအတွက် ၄ ခုမြောက် beta အုတ်မြစ်ချထားပြီး iOS နဲ့ iPadOS 14.2 ကို ဆက်လက် လုပ်ကိုင်နေပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««